Zawgyi
“ဒုန်း!!! .........ဆရာဝန်...ဆရာဝန်!!! ဘယ်မှာလဲ!!”
“ဒီမှာလူသေတော့မယ် ဆရာဝန်မြန်မြန် မလာသေး
ဘူးလား!!!!”“ခင်များတို့ဘာကြောင်ကြည့်နေတာလဲ ဆရာဝန်
ဘယ်မှာလဲလို့ ပြောနေတယ်လေ!!!! ”လက်ထဲမှာဖြူဖျော့နေတဲ့လူတစ်ယောက်ကိုပွေ့ချီ
ထားတဲ့သူဟာ ဆေးရုံဝင်းထဲပြေးဝင်လာပြီနောက်
ဆရာဝန်တယောက်ကို အလျှင်အမြန်ရှာနေခဲ့တယ်သူကဆေးရုံတစ်ရုံလုံးကိုအော်ဟစ်ပြီး အကူအညီ
တောင်းနေခဲ့တယ်။ ထိုသူကလက်ထဲမှာကောင်
လေးတယောက်ကိုပွေ့ထားရင်း ဆေးရုံထဲရှိသမျှ
လူတွေအားလုံးကို အမိန့်တစ်ခုပေးနေသလိုပဲ။သူ့ရဲ့အမိန့်သံတွေအောက်မှာ ဆရာဝန်တွေနဲ့သူ
နာပြုတွေအပြေးအလွှားရောက်လာကြတယ်။ သူ့
လက်ထဲကကောင်လေးကို တဆင့်ခေါ်ဆောင်ပြီး
ကုတင်တစ်ခုပေါ်မှာတင်ပြီး စစ်ဆေးနေကြတယ်။“ဒီမှာ လူနာကဘာဖြစ်လာတာလဲ! ကျနော်တို့ကို
တချက်လောက်အမြန်ပြောပေးနိုင်မလား! ဒီမှာဗျ”မေးမြန်းနေတဲ့ဆရာဝန်ရဲ့စကားတွေကိုသူမဖြေမိ
သေး။ ကုတင်ထက်ကကောင်လေးကိုသာ ကြည့်
နေမိတယ်။ လက်ကိုမေးမြန်းနေတာတွေကြားနေ
ရပေမဲ့ သူစကားသံတွေထွက်မလာခဲ့ဘူး။ သူရင်ထဲ
တင်းကျပ်နေတယ်။ နေလို့မကောင်းဘူး ဘာဖြစ်
လို့လဲ။“အဆိပ်မိထားတာပါဆရာ ခုချက်ချင်းခွဲခန်းထဲဝင်
ရမယ်ဆရာ ကျန်တာကျနော်ပြီးရင်ပြောပြပါမယ်”“အော်! မင်းပါလား ဒါဆိုအခုပဲဝင်မယ် မင်းပါတခါ
တည်း ဝင်ပါဟုတ်ပြီလား ”“ဟုတ်ကဲ့ဆရာ”
သူဘေးနားကနေဝင်ပြောပေးတဲ့ကောင်လေးတ
ယောက်။ သူ့ကြည့်ရတာဆရာဝန်တစ်ယောက်
ထင်တယ်။ ကုတင်ထက်ကသူလေးကို သေချာစစ်
ဆေးမှုတွေပြီးတာနဲ့ ထိုကုတင်လေးကတနေရာစီ
ရွေ့သွားပြန်တယ်။ထိုကုတင်လေးဦးတည်ရာကိုသူလိုက်နေမိတယ်။
တနေရာရောက်တော့ သူနာပြုဆရာမတစ်ယောက်
က မဝင်ဖို့အတွက်တားမြစ်လာခဲ့တယ်။ ထိုအခန်း
အပေါက်ဝမှာတပ်ထားတဲ့ဆိုင်းဘုတ်က “Operation Room”။
YOU ARE READING
Stop S-1(Completed)
Fanfictionကျနော်ဒီတစ်ခေါက်ရေးသားမှာက ငိုရတာတွေများမယ်ထင်တယ်။ ဇာတ်ကားတစ်ခုကြည့်မိရာက အိုင်ဒီယာရလာတာလေးပါ။ ပြီးတော့ဒီဇာတ်လမ်းကို ရေးဖို့အတွက် ကျနော့်ကိုအကြံ ပေးခဲ့တယ် ကျနော့်ညီကိုလည်း ကျေးဇူးအထူးတငိပါ တယ်။သဘောကျကြမယ် ထင်ပါတယ်။ ကျနော်ရဲ့ ကိုယ်တိုင်ရေးစိတ်ကူးယဉ်ေ...