Part(11)

4.1K 336 11
                                    

Zawgyi

“ဒီကမြေးလေးကဝေရင်းလား”
“ဟုတ်ပါတယ် ကျနော်ကဝေရင်းပါ အဘွားက....”
“အဘွားကလန်ဝမ်ကျီရဲ့အဘွား လန်ကျောက်ရွင်ပါ ”

ဟိုက်! ခုနလေးတင်သူ့မြေးနဲ့တွေ့လာတာ အခုက
တော့ သူ့အဘွား ငါ့ကိုဘာတွေများတောင်းဆိုကျ
မလို့လဲ။

ဝေရင်းလေးရဲ့မသာမယာဖြစ်နေတဲ့ မျက်နှာလေး
ကို သူမတချက်ကြည့်မိတယ်။ ဒီကလေးက အ
တော်ရိုးသားလွန်းတယ် သူ့မျက်နှာမှာအကုန်ပေါ်
နေတဲ့အထိ သူဟန်မဆောင်တတ်ဘူး။ သူမလာခင်
ကတည်း ဝေရင်းအကြောင်းအကုန်စုံစမ်းထားပြီး
ပြီ။

သူမိသားစုနဲ့သူ့နောက်ကြောင်းတွေအဆုံးပဲ။ ဘယ်
လောက်တောင် အခက်အခဲများခဲ့ရတဲ့ ကလေး
လေးလဲ။ ဖခင်မရှိတုန်း မိထွေးနဲ့နေရတယ် မိထွေး
နှိပ်စက်သမျှအားလုံးသည်းခံခဲ့တဲ့ဒီကလေးက သူ
မမြေးလေးအတွက် သင့်တော်တဲ့အိမ်ထောင်ဖက် ဖြစ်လာလိမ့်မယ်။

ဝေရင်းသူ့ကိုပြုံးကြည့်နေတဲ့ အဘွားကြောင့် နည်း
နည်းတော့ အူတူတူဖြစ်လာသည်။ ဘာတွေဖြစ်
လာအုန်းမှာလဲ.....?

“ဘာမှမပူပါနဲ့ကလေး အဘွားမြေးနဲ့ အကြောင်း
တွေ အကုန်သိပြီးပါပြီ အဲ့အတွက်နဲ့မင်းဆီကို လာခဲ့တာပဲ မက်းမိသားစုဝင်တွေလည်း အကုန်
သိထားပြီးပြီ”

“ဗျာ......”

“စိတ်မပူပါနဲ့ အဘွားလာတာ ပြဿနာလာရှာတာ မဟုတ်ပါဘူး မင်းဆီကအကူအညီတစ်ခု လိုချင်ယုံ
ပါပဲ မြေးလေး”

လာပြန်ပြီ! ဒီလန်မိသားစုတွေ ငါဆီပနေ တယောက်တမျိုး အကူအညီလာတောင်းနေကြ
တာလား?

သူမစကားကြောင့်အနည်းငယ်ချီတုံချတုံဖြစ်နေတဲ့
ကလေးကြောင့် သူမတို့နှစ်ယောက်တည်း စကား
ပြောရအောင် ထိုကလေးရဲ့မိထွေးဖြစ်သူကို အရင်ပထုတ်ရမယ်။

“ဟိုလေ..ဝေရင်းလေးနဲ့နှစ်ယောက်တည်း သီးသန့်စကားပြောခွင့်လေးရမလား ကျေးဇူး
ပြုပြီး”

သူမစကားတွေကရိုးရိုးပြောလိုက်ပေမဲ့ အမိန့်သံလိုလိုပင်။

“ကောင်းပါပြီ ကျမအပြင်ခဏထွက်ပေးမယ် ဝေရင်းလေး အမေအပြင်မှာရှိတယ်နော်”

Stop  S-1(Completed)Where stories live. Discover now