part-5 (Z+U)

4K 459 18
                                    

Unicode

လေတစ်ချွန်ချွန်နဲ့မှန်ရှေ့ဖြီးလိမ့်ပြင်ဆင်နေတဲ့ရှောင်ကျန့်ကို ရှောင်မားအခန်းဝမှမျက်မှောင်ကြုတ်ကြည့်နေတယ်
ဒါကိုမသိတဲ့ရှောင်ကျန့်ကတော့ သူ့ကိုယ်သူသပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်လို့ဆင်လို့ကောင်းတုန်း

အားလုံးပြီးသွားမှအခန်းပြင်ထွက်ဖို့လုပ်တော့ အခန်းဝမှာလက်ပိုက်ကြည့်နေတဲ့အမေကိုတွေ့ပြီး လန့်ကာခြေခေါက်လဲမတတ် ရှောင်ကျန့်ရှိသမျှသွားအကုန်ပေါ်အောင်ပြုံးပြလိုက်ပြီး

"အဟီး.. မား....."

"ဘာမားလဲ ဘယ်ကိုသွားပြန်အုံးမလို့လဲ!"

"ဟိုဘက်ရွာ.."

"မရဘူး အဖေ့အလုပ်လည်းကူမလုပ်ချင် အိမ်ကအလုပ်လည်းကူမလုပ်ချင်နဲ့
လျှောက်သွားနေဖို့ပဲတတ်တယ် "

"အမေကလည်း.... သားကကာလသားဒုခေါင်းဆောင်မို့ ဟိုဘက်ရွာမင်္ဂလာဆောင်ကဖိတ်ထားတာ..
အဲ့ဒါကြောင့်သွားရမှာ မဟုတ်ရင်မသွားပါဘူးဗျာ ဖိတ်လို့သွားရမှာ"

"အပိုတွေ ဘာဒုခေါင်းဆောင်လဲ
ဝမ်လေးရှိနေတာပဲဟာ ဝမ်လေးတောင်မသွားဘူး နင်ကဘာကိစ္စသွားမှာလဲ"

"အဲ့ကောင်နဲ့ဘာဆိုင်လို့လဲအမေရာ..."

ရှောင်ကျန့်စိတ်ပျက်လက်ပျက်ညီးလိုက်တယ် နောက်မှသတိရသွားပြီး

"အမေ မင်္ဂလာဆောင်ကိုရိပေါ်သွားရင် သားလည်းသွားရမှာလား.."

"ဝမ်လေးသွားရင်လွှတ်မယ်"

"ပြီးတာပဲ..."

ဝမ်လေး ဝမ်လေး ဝမ်လေး ဝမ်လေး နဲ့ နားကြားမြင်ကပ်လာပြီ အမေ့သားကရှောင်ကျန့်ပါဗျ အဟင့်

...

ရှောင်ကျန့် ရိပေါ်တို့ခြံထဲဝင်သွားတော့ ဝမ်အဖေနဲ့အမေကလည်းဝတ်ကောင်းစားလှများဝတ်ထားကြတာကြောင့် ဟိုဘက်ရွာကိုသွားမယ်ဆိုတာရိပ်မိလိုက်တယ်

ဝမ်ဦးလေးတို့သွားရင် ဝမ်ရိပေါ်လည်းလိုက်မှာပဲ အဟင်း ဘာမှ​တောင်မစွယ်လိုက်ရဘူး ငါလေးကံကောင်းချက်..

"ဦးလေး ဟိုဘက်ရွာသွားမလို့လား.."

"ဟုတ်တယ်လေ သားလည်းသွားမှာလား.."

"ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း"("ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း")(Complete)Where stories live. Discover now