part-14 (Z+U)

3.6K 411 30
                                    

Unicode

ယွီပင်းကြက်နှစ်ကောင်နဲ့သူ့အိမ်မှာတိုင်ပတ်နေတယ်။ ခွပ်နေလိုက်ကြတာဆိုတာဘယ်လိုတားတားမရ

"ငါရှင်ချင်တယ်ဟေ့!! "

မနေ့ကမနက်ရှောင်ကျန့်ကသူ့ဆီကိုပုဆိုးနဲ့တစ်ခုခုကိုထုတ်ပြီးရောက်လာတယ်။ သူ့ကိုတိုးတိုးတိတ်တိတ်လာပေးသွားတာက အမွှေးရောင်နီရဲရဲရှိတဲ့ ရိပေါ်ရဲ့ကြက်ဖကြီးကျန့်ကျန့်

"ရှောင်ကျန့် ဒါကြီးကိုဘာ့လို့ငါ့ကိုလာပေးနေတာလဲ"

"လျှာမရှည်နဲ့ ခဏယူထား သူ့ကြက်ဒီရောက်နေတာကိုရိပေါ်ကိုမသိစေနဲ့နော်.."

"နေပါအုံး ဘာ့လို့ငါ့ကယူထားရမှာလဲ.. အဲ့ ရှောင်ကျန့်!  ရှောင်ကျန့်!!
ဟာ... လုပ်သွားပြန်ပြီ "

ယွီပင်းသူ့လက်ထဲကကြက်ဖကြီးကိုခြင်းကြားနဲ့အုပ်ထားလိုက်တယ်။ နေ့ခင်း​ကြက်ကိုအစာကျွေးပြီးလို့အိမ်ရှေ့တန်းလျားမှာခဏထိုင်နေတုန်း စူပုတ်ပုတ်နဲ့ဝမ်ရိပေါ်ကကြက်တစ်ကောင်ကိုပိုက်ပြီးအိမ်ရောက်လာပြန်တယ်။

အဖြူနဲ့အနီစပ်ထားတဲ့ကြက်ကြောင့် ရှောင်ကျန့်ရဲ့ကြက်ဖပေါ်ပေါ်မှန်းသိလိုက်တယ်။

...လာပြန်ပြီ နောက်တစ်ယောက်...

"ဟေ့ကောင် ယွီပင်း! ဒီကြက်ခဏယူထား"

"ဟမ်! ထပ်ပြီလား"

"ဘာထပ်ပြီးလားလဲ"

"ဪ ဘာမှမဟုတ်​ဘူး
နေပါအုံး ဘာ့လို့ငါ့ဆီမှာဒီကြက်ကိုလာထားနေတာလဲ.."

"ယူထားဆိုယူထားပေါ့ကွာ.. ဒီကောင်ကြီးရောက်နေတာရှောင်ကျန့်မသိစေနဲ့နော်
သိလို့ကတော့မင်းမလွယ်ဘူး.."

..အာသံလျှာသံနဲ့ ငါ့အဖေကျနေတာပဲ..

ရိပေါ်ကတော့ယွီပင်းပြန်အဖြေတောင်မစောင့်တော့ ကြက်ကြီးကိုယွီပင်းရင်ခွင်ထဲပစ်ထည့်ပြီးတာနဲ့ပြန်သွားတော့သည်။

အဲ့လိုနဲ့ညနေဘက်ရောက်တော့အုပ်ထားတဲ့ကြက်ကိုသွားလွှတ်ပေးလိုက်ပြီး အစာကျွေးတော့ နှစ်ကောင်သားထိန်းမနိုင်သိမ်းမရခွပ်ကြတော့သည်။
ရိပေါ်နဲ့ရှောင်ကျန့်ရဲ့ကြက်လို့ကိုမပြောရဘူး

"ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း"("ရန်သူတော်အားချစ်ကျွမ်းဝင်မိခြင်း")(Complete)Where stories live. Discover now