အပိုင်း(1)

8K 348 7
                                    

[Unicode] {edit done }

၁. နွေရာသီရဲ့လက်ဖက်ရည် ☕

အလွန်ပူပြင်းတဲ့​​နွေရာသီရဲ့နေ့တစ်နေ့ပေါ့။ မနက်ခင်း၈နာရီ ပဲရှိသေးပေမယ့် ကျစ်ကျစ်တောက်ပူနေတဲ့ နေမင်းကြီးကို ကြည့်ပီး တော့ အိမ်ခန်းထဲကလေထု ​က သဲတရှပ်ရှပ်ဖြစ်နေသလို အနေအထား မျိုး ရှလျန် တစ်ယောက်ခံစားမိတယ်။ သူမ သွားကိုတကျီကျီကြိတ်လိုက် ပြီးတော့ အခန်း ပြတင်းပေါက် ကိုပိတ်လိုက်တယ်။

ရှလျန် , ရှလျန် ။

သူမကိုသူမ ခပ်တိုးတိုးရေရွတ်နေမိ ပြီး တော့မှစိတ်ဆိုးမာန်ဆိုးနဲ့ ပူလောင်နေတယ့် နေမင်းကြီးကိုကြည့်ပီး ခပ်စွာစွာ ပြောလိုက်တယ်။

'' နွေရာသီက ဘာလို့ ငါ့နာမည်လို မအေးရတာလဲ...
တကယ် မုန်းစရာပဲ ''

[လျန် ဆိုတာက အေးခဲခြင်းကို ဆိုလိုတာပါ]

သူမက မြေ အောက်ရထားကို နှစ်ဆင့်စီး ပြီးတဲ့နောက်မှာတော့ သူမအလုပ်လုပ်တဲ့နေရာ ကို ရောက်လာခဲ့တယ်။ ရှလျန် ဟာ  ထိုနေရာရောက်တော့မှပဲ သက်ပြင်း အရှည်ကြီးကို ချနိုင်တော့တယ်။

NEW SOUND.....

သူမအလုပ်လုပ်တဲ့နေရာ ပေါ့ ။ အသံသွင်းစတူရီယိုတစ်ခု လေ။ အဲ့နေရာကိုပိုင်တဲ့သူက တကယ့်ပရော်ဖက်ရှင်နယ် အသံသရုပ်ဆောင်တစ်ယောက်ပဲ လို့ပြောကြတာပဲ။

သူမ ပထမနှစ် အနေနဲ့ ကျောင်းတက်ပြီးသွားတာကြောင့်  နွေရာသီပိတ်ရက်အဖြစ် မေလကစပီးတော့ အိမ်ပြန်လာခဲ့တယ်။ ​နွေရာသီပိတ်ရက် ရတဲ့ ၃ လကို ကောင်းကောင်း အသုံးချဖို့ သူမရဲ့ မိသားစုက တိုက်တွန်းခဲ့ကြတဲ့ အပြင် သူမကို  အလုပ်ရှာ လုပ်​ ဖို့ ပြော  ခဲ့ကြတယ်လေ။

ကံကောင်းတာက သူမ အင်တာနက်မှာ အငယ်တန်း အသံသရုပ်ဆောင်တစ်ယောက်ဖြစ် တာကြောင့် သူမရဲ့  အနီးပတ်ဝန်းကျင်မှာ ရှိတဲ့ အသံသွင်း စတူရီယို တစ်ခုကို အရင်ကတည်းက စုံစမ်းထားပီးသား ဖြစ်လေတယ်။

သူမတွေးတာက သူမအဲ့နေရာ မှာအလုပ်သင်အဖြစ် ဝင်နေတုံး နာမည်ကြီး အသံသရုပ်ဆောင် တွေ ဖြစ်တဲ့ သူမရဲ့ idol တွေနဲ့ တွေ့ဆုံခွင့်ရလိမ့်မယ်လို့လေ။

COMPLETE  (နွေရာသီရဲ့လက်ဖက်ရည် )  Mm Translation Where stories live. Discover now