အပိုင္း(၂၀)(Unicode)
Start from the beginning
"သဝန်တိုစရာလား ဆိုင်ကယ်စီးရင် အအေးပက်မှာစိုးလို့ပြောနေတာ"
အေးချမ်းမောင်လည်း အဲလေးနည်းနည်းမှ ရှိန်ရှိန်ဆိုပြီး ဂြိုဟ်ကြည့်လေးကြည့်ရင်း လေသံမာမာလိုက်သည်။
"တကယ် သဝန်မတိုဘူးနော်
အဲ့ဒါဆို ဒီလိုဆိုရော သဝန်တိုလား"
လွှမ်းစေသူလည်း မောင့်ရှေ့တည့်တည့်သွားရပ်ကာ အင်္ကျီလှန်ပြန်လိုက်သည်။
"ငြင်းစမ်း လူကြီး"
လွှမ်းစေသူကတော့ မောင့်မျက်နှာကို sexyဆန်ဆန်ကြည့်ရင်း မျက်စပစ်ပြလိုက်သည်။
"အဲလေး အင်္ကျီကြီးပြန်ချစမ်း မချရင် ငါရိုက်.."
အေးချမ်းမောင်ရဲ့ စကားမဆုံးခင်မှာပင် အေးချမ်းမောင်ရဲ့လက်က အဲလေးရဲ့ဗိုက်ပေါ်သို့ရောက်နှင့်ပြီးသားဖြစ်သွားသည်။အလိုလိုရောက်သွားခြင်းတော့မဟုတ်ပေ။အဲလေးက အေးချမ်းမောင်ရဲ့လက်ကို လှမ်းဆွဲကာ သူ့ဗိုက်ပေါ်မှာ တင်ထားခြင်းဖြစ်သည်။အေးချမ်းမောင်က လက်ကိုပြန်ရုပ်မယ်လုပ်တော့ အဲလေးက အားနှင့်ဆွဲလိုက်၍ အေးချမ်းမောင်ရဲ့ဗိုက်သားလေးနှင့် အဲလေးရဲ့ဗိုက်သားက ထိကပ်မိသွားသည်။
နူးညံ့သောအဲ​လေးရဲ့ဗိုက်က ပူနွေးနွေးလေးဖြစ်နေသည်။အဲလေးဗိုက်ကလေးကိုမထိတော့ဘဲ အေးချမ်းမောင်လည်း လက်ကိုအောက်ချလိုက်သည်။အေးချမ်းမောင်တို့ရဲ့ ရင်ခုန်နှုန်းက တစ်ယောက်နှင့်တစ်ယောက်အပြန်လှန်ကြားနိုင်လောက်သည်ထိခုန်နေသည်။
"မောင်လည်း ကျွန်တော့်လိုခံစားရတယ်မို့လား"
လွှမ်းစေသူကတော့ မောင့်ကိုတင်းကျပ်စွာဖက်ထားလျက်မေးလိုက်သည်။မောင့်ကုပ်ပိုးလေးကိုလည်း ဖွဖွလေးနမ်းနေလိုက်သည်။
"အဲလေး ဖယ်တော့ ငါတို့နောက်ကျနေလိမ့်မယ်"
"ကျွန်တော်မေးတာဖြေဦး မောင်လည်းခံစားတတ်လားလို့"
မောင့်ရဲ့လည်တိုင်လေးကို နှုတ်ခမ်းလေးနှင့်စုပ်ယူလိုက်သည်။
အဲလေးရဲ့အမေးကိုတော့ အေးချမ်းမောင်မဖြေချင်ပေ။ဒီအဖြေကိုသိပါက အဲလေးရဲ့စိတ်တွေပိုပြီးထိန်းရခက်ပေမည်။ထို့ကြောင့် ငြိမ်ငြိမ်လေးနေပြီး အဲလေးနမ်းတာကိုသာ ခွင့်ပြုထားလိုက်သည်။