"ဟက် အလှလေးဘယ်ပြေးမလို့လဲ"

"ဘယ်မှမပြေးဘူး ဒီမှာရပ်နေတာမမြင်လို့လား"

"အစွာလေးဘဲ ဟေ့ရောင်တွေ ချုပ်ထားကြစမ်း"

အချုပ်မခံဘဲပြန်ချနေပေမယ့် အများနဲ့ ၅ယောက် မယှဉ်နိုင်တော့အချုပ်ခံလိုက်ရတယ်

"လွတ် လွတ်စမ်း "

"ဖြည်းဖြည်းပေါ့ ဟက် ဘာလဲအခုမှကြောက်နေပြီလား"

"ထွီး ခများတို့လက်တွေကိုရွံလို့"

"ဖြောင်း"

ဆိုတဲ့အသံနဲ့အတူ ပါးတစ်ဖက်ကထူပူသွားတယ် သေချာပေါက် လက်ယာကြီးထင်နေလိမ့်မယ်

"ငြင်သာ လို့မရတဲ့ဟာလေး တောက်...ဒီမှာမြင်လား မင်းလုပ်လိုက်လို့ ငါ့မျက်နှာယောင်နေတာ"

"မြင်တယ် ခများမျက်နှာကြီးမဲနေလို့ အရောင်တင်ပေးလိုက်တာ ထွီး အဲ့တာခများကိုယ်တိုင်လုပ်တာဘဲလေ"

"အာ ဒီဟာလေးကတော့"

လက်မြောက်ပြီး နောက်တစ်ချက်ရိုက်ဖို့ ရွယ်တာမြင်လိုက်လို့ မျက်လုံးမှိတ်ချလိုက်တယ် အိမ်ကိုဘယ်လိုပြန်ရပါ့မလဲ အပါးတွေ့ရင် အိမ်ထဲထည့်ပိတ်ခံရလိမ့်မယ်

"အွတ်"

အချိန်တန်လို့ ပါးပေါ်ဘယ်အရာမှရောက်မလာဘဲ "အွတ်"ဆိုတဲ့အသံကြားလို့ မျက်လုံးဖွင့်ကြည့်မိတော့ Hoseokရှေ့မှာ နာကျင်စွာ လှဲနေတဲ့ ရွံစရာဟိုလူကြီး အခုမှချုပ်ထားတဲ့လက်ကိုလွတ်ပြီး ကြောက်လန့်တကြားထွက်ပြေးသွားကြတဲ့ လူတစ်သိုက် ဘာတွေဖြစ်သွားတာလဲ
အခုမှကြည့်မိတယ် ဘယ်အချိန်တည်းကရောက်နေမှန်းမသိတဲ့ဘဲကြီး ဘဲကြီးကိုမြင်မှ မျက်ရည်ကအိကနဲထွက်ကြလာကါလေရော

"အီးးးဟီးးး ကိုကို"

"ပါးဖောင်းလေး "

ဘဲကြီးရင်ခွင်ထဲဝင်ပြီး တင်းတင်းဖက်ထားလိုက်တယ် အခုချိန်လိုအပ်နေတာက ဒီရင်ခွင်ကြီးဘဲမဟုတ်လား
ခဏနေမှရင်ခွင်ထဲကထုတ်ပြီး ခေါင်းကို လက်နှစ်ဖက်နဲ့ကိုင်ပြီး ဟိုဘက်လှည့်ကြည့် ဒီဘက်လှည့်ကြည့် လက်ဖဝါးဖြန့်ကြည့် တစ်ကိုယ်လုံးစစ်ကြည့်ပြီးမှမေးလာတာက

BAL GYI Where stories live. Discover now