"အာာာ ဒီလူကတော့ ရော့ကွာ "

"ခွပ်      ခွပ်   "

"ခေါ်ဦးမလား ဟမ် ..ခွပ် .ခေါ်ချင်သေးလား ..ခွပ် ..ခေါ်ချင်ဦး..ခွပ်"

ဒေါသကထောင်းကနဲထွက်လာပြီး အဲ့ဒီလူပေါ် တက်ခွထိုးနေတာ အောက်ကလူက မေ့တောင်နေပြီလားမသိ ဒေါသထွက်နေတာဘဲသိတယ်

"ဟာ ဟေ့ရောင် တော်တော့ကွ ဟေ့ရောင်တွေဆွဲလေ ဘာကြည့်နေတာလဲ"

Joonတို့ရောက်လာမှဝိုင်းဆွဲကြတယ် ဘေးနားကလူတွေကကြောင်နေကြတာလားမသိဘူး ဆွဲနေတဲ့ကြားထဲက မမှီ မှီရာခြေထောက်နဲ့ ကန်ပေးလိုက်သေးတယ် သောက်ခွေးနာကြီး သေသွားရမှာ ဒါတောင်အမှတ်မရှိဘူး ဒီလူကထပြီ ကြိမ်းသွားသေးတာ ဘာတဲ့

"အလှလေး မှတ်ထားနော် ကိုယ့်အပေါ်အကြွေးတင်သွားပြီ ပြန်လာယူမယ် ဆပ်ဖို့ပြင်ထား"

"အာာာ ဒီခွေးနာ ကမပြီးသေးဘူးလား ကြိုက်တဲ့အချိန်လာတောင်း သောက်တနာရူး ထိုင်စောင့်နေမယ်"

"မင်းးးးးးး"

ဟွန့် လူကိုဘာများမှတ်နေလဲ သေသွားမယ်

Joon-"Hoba မင်းကိုဘာလုပ်လိုက်လို့လဲ"

Hoseok-"ဘာလုပ်ရမှာလဲ နာဘူး လာထနေလို့လေ ကျွေးလိုက်တာ"

Yoongi-"မင်းကတော့ ပြသာနာ ရှာလိုက်ပြန်ပြီ"

Hoseok-"ဟ ငါ့ကို နာလာထနေတာ ငါကငြိမ်ခံနေရမှာလား မင်းအဖေက တက်ကြိတ်သွားမှာပေါ့ကွ "

Yoongi-"ကျစ် အာ့တာပြောတာမဟုတ်ဘူးကွ"

လေပူတွေမှုတ်ထုတ်နေတဲ့ Yoongiကရောဘာဖြစ်ချင်နေတာလဲ

Yoongi-"Jimin ရှင်းပြလိုက်ကွာ"

Jimin-"မင်း ထိုးလိုက်တဲ့ကောင်က ဒီBar ပိုင်ရှင်ရဲ့သားကွာ ဒီနယ်တစ်ဝိုက်မှာ လူမိုက် သိပြီလား အခုအဲ့လောက်နဲ့ပြီးမသွားဘူး ခဏနေပြန်လာလိမ့်မယ်"

Hoseok-"သောက် မျိုးမစစ်ရယ် အာ့တာကိုအခုမှပြောရလား  ဘာလုပ်နေတာလဲ သွားကြမယ်လေ"

Joon-"နောက်ကျသွားပြီ Hoba"

Joonieကအနောက်ကိုကြည့်ပြီးပြောနေလို့ နောက်လှည့်ကြည့်မိတော့ ဟိုလူဦးဆောင်တဲ့ လူတစ်အုပ်လိုက်ကြီး Barထဲကလူတွေကလဲ ကြောက်လို့ ဒီအတိုင်းကြည့်နေကြတာ ဘယ်သူမှဝင်မပါရဲဘူးထင်တယ်

BAL GYI Where stories live. Discover now