"မိုးစက်ပုံပြင်" (Part 1)

1K 32 0
                                    

Zawgyi version.,

ဘေးဘီဝဲယာကို လှမ်းကြည့်လျှင်ပင် မှိုင်းရီဝေနေသည်။ မိုးသားကောင်ကင်ကြီးဆီမှ အဆိပ်စူးသဖွယ် မိုးစက်များကသည်းထန်စွာ အတိုင်းအတာမရှိ မျက်နှာပြင်ထက်သို့...

ညနေဆည်းဆာအလှသို့ကား မဲမှောင်နေသည့်မိုးသားများဖြင့် ပြည့်နှက်နေလေသည်။

တစ်ချိန်က ဓာတ်တိုင်အောက်၌ ထိုချစ်ရသူ လုပ်ခဲ့ဖူးသလို အရက်ပုလင်းအဖုံးနေရာကို အနီးရှိဓာတ်တိုင်ပေါ်သို့ ရိုက်ခွဲလိုက်ပြီးမလှမပကွဲကြေနေသည့် ပုလင်းထိပ်ဝတို့က နှင်းဆီရောင်နှုတ်ခမ်းသားများထက်၌ ကျရောက်သောအခါ...ထိုချစ်ရသူလုပ်ခဲ့ဖူးသလို မကျွမ်းသဖြင့် နှုတ်ခမ်းသားများ၌ နှင်းဆီရင့်ရင့်အရောင် သွေးများက စို့နှင့်နေလေပြီ...ထိုနာကျင်ရသည့်ဒဏ်ကပင် နှလုံးသားတို့ဖောက်ထွက်မတတ်ဖြစ်နေသည့်ဒဏ်နှင့် ယှဉ်ပြိုင်၍မရပေ...။

ထိုစဉ်
"ဦးဦး...ဦးဦးတိမ်ညို....."

အောက်ကိုငုံ့ကြည့်လိုက်သောအခါ မျက်ရည်စများဖြင့် ဝေဝါးနေစဉ် မြင်လွှာများကြားထဲမှ တစ်ချိန်က ထိုသူ.....။

ကလေးမလေးတစ်ယောက်... ချစ်စရာကောင်းပြီး ပါးဖောင်းဖောင်းကလေးပေါ်တွင် စံပယ်တင်မှဲ့ကလေးနှင့် ထူးဆန်းသည့်အမာရွက်ပါရှိနေပြီး မျက်လုံးအဝိုင်းသားများဖြင့် မော့ကြည့်နေသည့် ကလေးမလေးတစ်ယောက်...

ထိုအချိန်တွင် ခပ်လှမ်းလှမ်းမှ စူးရှရှ အသံရှိသည့် အမျိုးသမီးတစ်ယောက်၏အသံက နားထဲသို့ စူးသဖွယ်ဝင်ရောက်လာသည်...

"ဟဲ့ တိမ်ညို.....။"

"ဟဲ့ဟဲ့ အော်...မထသေးဘူးလားဟဲ့
ဘယ်အချိန်ရှိနေပြီလဲ နင်ကျောင်းသွားရဦးမယ်မလား"

ရုတ်တရက်အမေ့ရဲ့ မနက်ခင်းသာယာသံကြောင့် နိုးထလာရတယ်
"ဟုတ်ကဲ့ပါအမေရဲ့ ထပါပြီလို့" ပြောရင်းအိမ်ချင်မူးတူးနှင့် ရေချိုးခန်းဘက်ထွက်လာလိုက်ရသည်။

ဒီနေ့ဟာ ဒုတိယနှစ်တက္ကသိုလ်ပြန်စတက်ရမယ့်နေ့ဖြစ်တာကြောင့် ညကစောစောထမည်တွေးထားသော်လည်း ဂိမ်းဆော့နေ၍မနက်ရောက်တော့ မထနိုင်ပေ။ အမေ့ဆူညံသံလွတ်အောင်သာ ရေချိုးခန်းဘက်ထွက်လာရပင်မဲ့ အတန်းသို့ ကို စောစောသွားရမယ်ဆိုတဲ့အသိက ဝင်လာတော့ ကမန်းကတန်းလုပ်ရတော့သည်။

"မိုးစက်ပုံပြင်"Where stories live. Discover now