" တူတူဆော့ရအောင် ငါလည်း solo ပဲ "

" အိုကေ ငါ့ ID က xxxxxxx "

ဂိမ်းဆိုင်ထိုင်ရင် အဲ့လိုကတော့ကြုံတာပါပဲ ။
အဖော်ခေါ်တဲ့သူရှိရင် တူတူဆော့ပေးလိုက်တာပဲ
ဒါပေမဲ့ ကာထားတဲ့နေရာကနေ နောက်ကိုလည်း
ဆုတ်မကြည့်မိ
နှစ်ယောက်လုံး နားကြပ်တပ်ပြီး screen ကိုသာကြည့်နေကြရင်း ပြောနေကြခြင်းပင်

" Easy , Medium or God Level ? "

" God Level ချကွာ "

" ငါအလွန်ဆုံး medium ပဲ ဆော့ဖူးတာ "

ဂျောင်ဝန်းသူ့ဘေးကအသံကိုကြားဖူးသလိုလိုရှိနေပေမဲ့ နားကြပ်တပ်ထားတာကြောင့် အဲ့လိုဖြစ်တာလို့တွေးထားမိသည် ။

" ငါနဲ့ဆော့ရင်နိုင်တယ် rank တင်ပေးမယ် လုပ်သာလုပ် "

ခဏအကြာ ကစားပွဲစသည် ။ ဂျောင်ဝန်းကကာပေးတာတောင် ဟိုဘက်ကလည်းကောင်းကောင်းဆော့သည် ။

" တော်သားပဲ "

" ခက်တယ်ကွ "

နောက်ဆုံး အတော်ရုန်းပြီးမှ နိုင်တော့ နှစ်ယောက်သား ခုံကိုလှည့်ရွှေ့ပြီး လက်ဖဝါးချင်းရိုက်ကာ ထအော်မိကြသည် ။

" နိုင်တယ်ကွ ဟားဟားးး အမ်.. ဂျောင်ဝန်း "

" Omma! လန့်လိုက်တာ ဟီးဆွန်းဟျောင်း
omo! ကျောင်းမသွားဘူးလား"

" လစ်လာတာ "

စကားပြောနေရင်း ဟီးဆွန်းဟျောင်းကငြိမ်သွားပြီး သူ့ကိုခေါင်းစခြေဆုံးကြည့်သည် ။ ဘေးက
အဖော်ပါလာတဲ့လွယ်အိတ်ကြီးကိုလည်းကြည့်သည် ။

အဲ့တော့မှ ကိုယ့်ပုံကိုယ်မြင်ယောင်ပြီး
ထွက်သာပြေးချင်တော့သည် ။

ယန်ဂျောင်ဝန်း၏အရှက်ကွဲခြင်းအနုပညာမှာ
ကျန်တာတောင်မဆိုးသေးဘူး သားရေဖိနပ်အစုတ်ကြီးကတော့ တကယ်စားသည် ။

" ဘာ.. ဘာလို့ကြည့်နေတာလည်း ကြောက်ဖို့ကောင်းအောင် "

" မဟုတ်ပါဘူး ဒါမျိုးတစ်ခါမှမမြင်ဖူးလို့
ဂျောင်ဝန်းကို "

" မနေ့ကမှ စသိတာမဟုတ်ဘူးလား
ကျွန်တော်တို့"

ကိုယ့်ကိုယ်ကို လက်ညှိုးထိုးလိုက် ဟျောင်းကိုလက်ညှိုးထိုးလိုက် ခေါင်းတခါခါနဲ့ ဖြစ်နေတဲ့
ကိုယ့်ပုံစံကိုယ်လည်းရီချင်ပြန်သည် ။

SUPPORT SYSTEM FOR LIFE [SUNGJAKE]✓Where stories live. Discover now