အပိုင္း (၆)

Start from the beginning
                                    

" ဟင့်အင်း ကိုယ့်အသားကို ကိုယ့်ကြင်ယာတော်ပဲ ကိုင်တွယ်တာ ကြိုက်တယ် "

ရှောင်းကျန့် သာ ဘုရင် ဖြစ်ရင် အာဏာနဲ့ သူ့ကို နှိပ်စက်မဲ့ပုံပဲ၊၊ အမြင်ကတ်ပေမဲ့ ယောကျ်ား ကို မမုန်းရက်ဘူး၊၊

ရေနွေးကန်ထဲမှာ ရှောင်းကျန့် က မျက်လုံးတွေမှိတ်ကာ သာယာနေသည်၊၊ ရိပေါ် ကတော့ သူ့ကို အဝတ်နဲ့ တိုက်ပေးနေရတယ်၊၊ နှိပ်ပါ ပေးရသေး၊၊

" ဒီနားလေး အား ကောင်းတယ် "

ဝမ်ရိပေါ် က စူပုတ်ပုတ်နဲ့ပဲ လုပ်ပေးလိုက်သည်၊၊ အိမ်ထောင်ကျမှ လင် ဝေယျာဝစ္စ အကုန် လိုက်လုပ်ပေးနေရတယ် ၊၊ မေမေတို့နဲ့ နေတုန်းကတောင် အဲ့လိုလုပ်မပေးခဲ့ရဘူး၊၊ ရှောင်းကျန့်ကိုယူမှ သင်ခန်းစာ မျိုးစုံ သင်ကြားနေရတယ်၊၊

" ဝမ်... ကိုယ့် မနက်ဖြန် သွားစရာ ရှိတယ်၊၊ အတူလိုက်ခဲ့ပေးမလား "

" အင်း ဘယ်သွားမှာလဲ "

" မယ်တော်ရဲ့ နှစ်ပတ်လည်ပါ "

ရှောင်းကျန့် အသံက ကြေကွဲအက်နေသည်၊၊ ဘာလို့မှန်း မသိ ရိပေါ် ရင်ထဲ တစ်မျိုးကြီးပဲ ၊၊

" မိဖုရားမယ်မယ် လား၊၊ ငါ လိုက်ခဲ့မယ်လေ "

" ကောင်းပြီ ဝမ် "

မယ်မယ် ဆုံးတာ ဆယ်နှစ်တောင် ရှိခဲ့ပြီ၊၊ အဖြစ်အပျက်တွေက မနေ့တစ်နေ့ကလိုပဲ၊၊ မှတ်ဉာဏ် တွေကို ညာမရဘူး၊၊ သွေးသံရဲရဲနဲ့ မယ်မယ် သေဆုံးမှု မြင်ကွင်းက သူနှလုံးသားမှာ ကျိန်စာ တစ်ပုဒ်လို ထိရှကြေကွဲစေသည်၊၊ မဆက်ခြင်ဘဲ လုပ်ခဲ့တဲ့ လူတွေကိုလဲ ရှောင်းကျန့် ရူးရူးမိုက်မိုက် သတ်ဖြတ်ခဲ့တယ်၊၊ အဲ့အချိန်တည်းက သူက သွေးရူးသွေးတန်း လူတစ်ယောက်လိုပဲ၊၊

မယ်မယ် သိပ်ကြိုက်တဲ့ ချယ်ရီပင်ကြီးအောက်မှာ မယ်မယ်က အေးချမ်းစွာ အနားယူနေသည်၊၊ မယ်မယ်ရဲ့ မြေပုံမှာ သေရည်၊ မုန့်တွေ ချထားပြီး ကန်တော့လိုက်သည်၊၊ အနားက သူ့ကြင်ယာတော်လေးရော သူ့ဘေးမှာ အဖော်ပြုနေသည်၊၊

" မယ်မယ် သား အရွယ်ရောက်လာပြီ၊၊ သား လက်ဆက်ပြီးပြီ၊၊ သားရဲ့ ကြင်ယာတော်က ဝမ်ရိပေါ် တဲ့၊၊ သူက သိပ်လှတဲ့ အိုမီဂါလေး၊၊ မယ်မယ်သာ တွေ့ရင် အရမ်း ချစ်သွားမှာ သေချာတယ် "

ဧကရာဇ်ရဲ့  မူပိုင်လူ [[ Completed  ]]Where stories live. Discover now