[ Chapter 1 ] U

842 73 6
                                    

I still remember
Third of December
Me in your sweater
You said it looked better
On me than it did you
Only if you know
How much I like you...

"ပန်းချီတွေအားလုံးက အနုစိတ်ဆွဲထားတာတွေချည်းပဲနော်"

"ကျွန်တော်က အသေးစိတ်တဲ့ပန်းချီတွေဆွဲရတာကြိုက်တယ်လေ အထူးသဖြင့် ပြုံးနေတဲ့နှုတ်ခမ်းတွေ"

"ဒါဆို အစ်ကိုအနှစ်သက်ဆုံးအစိတ်အပိုင်းက နှုတ်ခမ်းပေါ့"

"အဲ့လိုပြောလို့ရပါတယ်"

"အစ်ကို့ပန်းချီတွေက အည်ိုရောင်အများဆုံးသုံးတာတွေ့ရတယ်
ဆွယ်တာနဲ့ မျက်လုံးတွေကလည်းအညိုဘက်သွားတဲ့အရောင်တွေဆိုတော့
အရောင်ထည့်တဲ့အပေါ်မှာ ရည်ရွယ်ချက်တွေရှိနေတာလား"

"အညိုရောင်က ကျွန်တော်အကြိုက်ဆုံးအရောင်လေ ပြီးတော့နွေးထွေးတယ်လို့ခံစားရတယ် ဒီထက်ပိုတဲ့ရည်ရွယ်ချက်တော့မရှိပါဘူး..."

"ဆရာရေ ဒီမှာကလေးငိုနေတယ်!"

"အာ ဒီကညီမတို့ ခွင့်ပြုပါအုံးနော် ကလေးငိုနေလို့"

"ဟုတ်ကဲ့..."

"ဟဲ့ ပန်းချီဆရာလေးက ငယ်ငယ်ချောချောလေးနဲ့ ကလေးတောင်ရှိနေပြီတဲ့"

"မထင်ရဘူး ကလေးရဲ့မာမားကတော့ တကယ်ကံကောင်းတဲ့အမျိုးသမီးပဲ"

အင်တာဗျူးမိန်းကလေးတွေက နှမြောသံစွက်ကာဆိုတယ်။
ပန်းချီဆရာလေးကတော့ခပ်ပြုံးပြုံးလေးပဲ
တွန်းလှည်းထဲက အော်ငိုနေတဲ့ကလေးငယ်ကို ချော့မြူနေတယ်။
ဘုရားပေးတဲ့ဆုလာဘ်လေးလို အမြတ်တနိုးကြည့်ရင်းပေါ့...။

ခုထိမေ့လို့မရသေးပါဘူး
အညိုရောင်ဆန်ဆန် အနုပညာတွေရော အညိုရောင်ဆန်ဆန်အပြုံးတွေကိုရောပေါ့။
အညိုရောင်အကြင်နာတွေကို ဒီဇင်ဘာမှာသော့ခတ်ခဲ့တယ် ချစ်သော ဟယ်သာ...။

[ ဟယ်သာတွေနောက်တစ်ကြိမ်ပွင့်ရင် ငါတို့ပြန်ဆုံကြမယ် ]

___________

[December 3 2016]

"အေးနေတာလား"

ခေါက်ဆွဲဆိုင်ရှေ့မှာ မတ်တတ်ရပ်ပြီး လက်ဖဝါးချင်းပွတ်နေတဲ့ လက်ဖြူဖြူတွေရပ်သွားတယ်။
အထဲဝင်လဲတွေ့ရမှာကို ဆိုင်ရှေ့မှာရပ်နေမိရတယ်လို့။
မျက်မှောင်တွေတွန့်ချိုးလိုက်ပြီးအနောက်ကိုလှည့်ကြည့်လိုက်တော့
အစ်ကိုကအနောက်မှာလက်ပိုက်ကြည့်နေတယ်။

H E A T H E RWhere stories live. Discover now