" ငါ့ကို ကြည့်နေတယ် ငါ့ကို ကြည့်နေတယ် "
" ဟား..ဟား.. အတော်ပြောတတ်တဲ့ငှက်လေးပဲ ဒါပေမဲ့ မင်းက ခုထိ ငါ့နာမည် မခေါ်တတ်သေးဘူး "
" ရွှေခဲရေ ရွှေခဲ "
" ငါ့နာမည် ငါ့နာမည် "
" အဟား...ဟုတ်ပါပြီ မင်းနာမည်ပါ ငါ့နာမည်လို့ ပြောလို့လား ..ငါ့နာမည်က သေချာမှတ်ထားနော်.. "
" သီထွဋ် ... ခေါ်ကြည့်ပါဦး "
" သီ...ထွဋ် "
မခေါ်တတ်မည်စိုး၍ သံရှည် ဆွဲ၍ သင်ပေးနေသော်ငြား အနှီ ရွှေခဲမှာ မခေါ်တတ်သေးပေ ။ သီထွဋ်အစား ကြီးလေးဟု ထွက်လာတော့ သီထွဋ်နင်သွားရသည်။
" ကြီးလေး ကြီးလေး "
" အယ် ကြီးလေးမဟုတ်ဘူးလေ "
" သီ..ထွဋ် ခေါ်ကြည့် သီထွဋ် "
" ကြီးလေး ကြီးလေး "
"....."
"....."
" အာ မင်းက မခေါ်တတ်ဘူးပဲ အလိုက်တာ "
" ထွက်သွား..ထွက်သွား..."
" ဧည့်သည်ကို နှင်ထုတ်တယ်လား လူမှုရေး ခေါင်းပါးလိုက်တာ "
" ကဲ..တော်တော့ ဘာကြောင့် ရွှေခဲနှင့် စကားပြိုင်နေတာလဲ ကလေးလား "
" ကျွန်တော်က ကလေး သာသာလေးပဲ ရှိသေးတာမဟုတ်ဘူးလား "
မျက်လုံးနက်နက်လေးတွေက မသိနားမလည်ဟန်ပြုကာ မေးလေတော့ စံမင်း ခပ်တိုးတိုးရယ်မိသည် ။ ဒီကောင်လေး ရုပ်တည်ကြီးနှင့် တကယ်ပင် နောက်တတ်သည် ။
" ကဲ မှောင်သွားမယ် သွားရအောင် "
" မထိုင်တော့ဘူးလား မောင်မင်းမြတ်တို့ "
" ဟုတ် ရွာထဲ လမ်းလျှောက်ဦးမယ်ဗျ "
" အေးကွယ်.. "
နှစ်ယောက်သားမှာ ရွာထဲ လမ်းလျှောက်ခြင်းဆိုသော်ငြား ဦးတည်သည်က ရွာထိပ်ကိုသာ ဖြစ်သည်။ သီထွဋ်ဆိုတဲ့ ကောင်လေးက စံမင်းကို တစ်လမ်းလုံးမေးခွန်းများစွာ မေးကာ စကားပြောလျက် လျှောက်လာသည်မို့ မသိလိုက်မသိဘာသာနှင့်ပင် ရွာထပ်သို့ရောက်လာကြတော့သည်။ ထို့နောက်မှာတော့ ရွာထိပ်က ယူကလစ်ပင်ကြီးအောက်တွင်နေရာယူကာ နေဝန်းနီနီရှိရာဆီသို့ မျက်နှာမူကာ ထိုင်လိုက်ကြပြီး သဘာဝတရားကြီးအား ရှုမြင်ခံစားလျက်ရှိနေကြသည်။
အခန်း ၁၃ ?
Mulai dari awal