"သောက်ချီး တောင်မကြွေဘူး ကွန်ဖီးဒန့်လယ်ဗယ် ဆိုးဟိုက်မနေနဲ့"

"ကိုယ့် ချစ်သူကိုယ် အဲ့လိုပြောရလား"

"ဘယ်ကချစ်သူလဲ"

"ဒီမှာလေ ဟိုတစ်နေ့ကဘဲ ငိုတော့မလိုနဲ့အဖြေလာပေးသွားပြီးတော့"

"ခများကြီးနော် ကျုပ်အဖြေကိုညာယူတာ အခုထိမကျေနပ်သေးဘူးနော်"

"ကိုယ်မညာပါဘူး ပါးဖောင်းလေးအဖြေမပေးလဲ ကိုယ့်ကိုချစ်တာသိပါတယ်"

"ချီးလိုဘဲကြီး ခုဘယ်သွားမှာလဲ"

"မသိဘူး ဒီအတိုင်း ပါးဖောင်းလေးကို တွေ့ချင်လို့ ပြီးတော့ပေးစရာရှိလို့ ဒါနဲ့ ဒီအင်္ကျီလေးနဲ့လိုက်သားဘဲ"

ဘဲကြီးပြောမှ ကိုယ့်ကိုယ်ကိုကြည့်မိတယ် ချီးဘဲ ဟိုတစ်ခါKAWS collectionတေပေးတုန်းက ပါလာတဲ့အင်္ကျီ ဒီအတိုင်းသတိမထား မိဘဲကောက်ဝတ်လာတာ

"ပြောတော့ပြစ်လိုက်ပြီဆို"

"ဒီအတိုင်း ပစ္စည်းကကောင်းနေသေးလို့ ထားထားတာ ဒီအတိုင်း အားမသိတော့ဘူး"

"ကိုယ်ကဘာပြောလို့လဲ "

ပြောပြီးကားရပ်လိုက်တာက ဟန်မြစ်ကမ်းဘေး တစ်လျောက်လုံး လူဘက်မလှည့်ဘဲစကားပြောလာတဲ့ ဘဲကြီးကအခုမှလှည့်လာတယ် ကျစ် ကြည့်ကောင်းနေပြန်ရော

"ဟွန်း ရုပ်ဆိုးတယ် ဒီဘက်လှည့်မလာနဲ့"

"ဟုတ်လား ကောင်မလေးတွေပြောတာတော့ ကိုယ်ကစွဲဆောင်မှုရှိတယ်တဲ့"

"ဘယ်ကောင်မလေးပြောတာလဲ"

"ကိုယ့်ကိုမြင်တဲ့ကောင်မလေးပေါ့"

"သွားလေ သူတို့ကိုသွားကြိုက်ပါလား"

"ဒါပေမယ့် ဘယ်လိုလုပ်မလဲ ကိုယ်ကရှဉ့်နွံထဲနှစ်နေပြီ"

"လျှာအရိုးမရှိတိုင်း ပြောနေ အွန့်"

စကားတောင်ပြီးအောင်မပြောရသေးဘူး ဆွဲဖက်ခံလိုက်ရတယ် 
ပြီးတော့ လည်ပင်းမှာအေးစက်စက်အရာတစ်ခုခံစားလိုက်ရတယ်

"ဘယ်လိုလဲ ဒါကSampleဘဲထုတ်ရသေးတာ ဈေးကွက်ထဲတောက်မကြော်ညာရသေးဘူး "

BAL GYI Where stories live. Discover now