"Oma တံခါးခေါက်နေတာ အော် Seokie လေးအိပ်ပျော်နေတာဘဲ ဧည့်သည်ရောက်နေပါတယ်ဆို ဟူး"

"ဘယ်သူလဲ Oma"

"သား ကိုကိုလေ"

"ဘယ်က ကိုကိုလဲ"

"CEO Joneလေ"

"ဗျာ သူကဘာလာလုပ်ပြန်တာလဲ"

"သားမတွေ့ချင်ဘူးလား သားမတွေ့ချင်လဲ အိပ်နေတယ်ပြောလိုက်မယ်လေ"

"အဟမ်း နေပါစေOma တို့မျက်နှာပျက်စရာဖြစ်မှာစိုးလို့ ထွက်တွေ့လိုက်မယ် "

"နေပါ မပျက်ပါဘူး သားဘဲဆက်အိပ်လိုက်"

"လိုက်တွေ့လိုက်ပါမယ်ဆို"

"ဒါဆိုလဲ အောက်ဆင်းလာ"

ဘာလဲ Omaရဲ့အကြည့်ကဘာလဲ ငါရှင်ချင်တယ်နော် အောက်ဆင်းလာတော့ ဧည့်ခန်းမှာ အပါးနဲ့စကားပြောနေတဲ့ဘဲကြီး

"အဟမ်း CEO Jone ကဘာလာလုပ်တာလဲ"

"ကိုယ်ဘာလာလုပ်တယ်လို့ထင်လဲ"

"ဘယ်သိမလဲ"

"ဒါဆိုသားတို့စကားပြောကြဦး အပါးCompanyသွားတော့မယ်"

"ဟုတ်"

အပါးထွက်သွားမှ ဘဲကြီးကိုမျက်စောင်းပြစ်ထိုးလိုက်တယ် Omaကမီးဖိုခန်းထဲမှာမို့

"ပြော ဘာလာလုပ်တာလဲ"

"လာ ကိုယ်နဲ့လိုက်ခဲ့"

ပြန်ပြောခွင့်မရခင်မှာဘဲ Jone Jungkook လက်ထဲ စွေ့ကနဲပါသွားတဲ့ Jung Hoseokလေး

"ဒီအတိုင်း ရိုးရိုးခေါ်လို့မရဘူးလား အဲ့လိုချီမှဖြစ်မှာလား"

ဘာမှပြန်မပြောတဲ့ ဘဲကြီးက Hoseok ကိုယ်လေးကို Lover seat မှာချပေးပြီး seat belt တပ်ပေးပြီးသည်အထိ အသာလေးလုပ်သွားတာများ သောက်ရမ်းချောမောလွန်းတယ်ဘဲကြီး
Driver Seatမှာဝင်ထိုင်းပြီး ကားမောင်းနေတဲ့ပုံကလဲ သောက်မြင်ကပ်ဖို့ကောင်းလောက်အောင်ကြည့်ကောင်းနေပြန်တယ်ကိုယ့်ဘဲကိုပြန်ကြွေရတာလဲ အလုပ်တစ်လုပ်

"ပါးဖောင်းလေး ကိုယ့်ကိုချစ်မှန်းသိပေမယ့် ဒီလိုကြီးဘဲကြည့်နေတော့မှာလား ကိုယ့်ကိုအဲ့လောက်တောင်ကြွေလား ဟမ်"

BAL GYI Where stories live. Discover now