အပိုင်း(27)

Start from the beginning
                                    

ဘုန်းထွဋ်ဘာမှပြန်မပြောနိုင်တော့ပေ။ အံကိုကြိတ်ပြီး ဒေါက်တာရှေ့တွင်ဆို့တက်လာသောမျက်ရည်များကိုမကျအောင်ထိန်းကာခါင်းသာငြိမ့်ပြလိုက်၍ မာန်မှာဖြင့် မျက်ရည်များထိန်းသိမ်းမရအောင်ကျစီးလျက်ငိုနေတော့သည်။  

  ဒေါက်တာထွက်သွားချိန်တွင် ဘုန်းထွဋ် အခန်းထဲမှကြောက်နေသောပိုးသားကိုကြည့်၍ ဝမ်းနည်းစိတ်များမထိန်းနိုင်ဘဲ နံရံကိုဒေါသထွက်ထွက်ဖြင့်လက်သီးနှင့်ထိုးနေတော့၏။အားဖြင့်အရှိန်ပြင်းစွာထိုးလိုက်သောကြောင့် ဖြူဖွေးလှသောသူ၏လက်၌သွေးများအလိုက်မသိကျဆင်းလာကာ ချုပ်ထိန်းထားသမျှမျက်ရည်မှာလည်း မီးတောင်သဖွယ်လောင်ကျွမ်းနေသောမျက်ဝန်းထံမှ ချော်ရည်သဖွယ် အထိန်းအကွပ်မရှိစီးကျလာ၏ ။၎င်းကိုမာန်မြင်သောအခါ ချက်ချင်းပင် အကို့ကိုဖမ်းချုပ်လိုက်ပြီး

"ကိုကို တော်ပါတော့ အဲ့လိုလုပ်နေလို့လဲပိုးပြန်မကောင်းနိုင်ဘူး"

"ငါမှာဒေါသထွက်ခွင့်တောင်မရှိတော့ဘူးလား"

ဒေါသစိတ်များလွှမ်းခြုံနေသဖြင့် အမှားအမှန်မခွဲခြားနိုင်၍မာန်ကိုရန်ရှာနေလျက်

"မဟုက်ပါဘူး ညီတို့ပိုးမြန်မြန်ပြန်မှတ်မိပြီးနေကောင်းလာအောင် သူ့ကိုဂရုစိုက်ပြီးပျော်ရွှင်ထားပေးသင့်တာပေါ့"

ထိုအခါမှသူ့ဒေါသများလျော့ကျလာကာ မာန်ကိုမျက်နာငယ်လေးဖြင့်ကြည့်နေသဖြင့် မာန်လည်းအလိုက်သိစွာဖက်၍နှစ်သိမ့်နေလိုက်သည်။

ပိုးအကြောင်းကြားပြီးနောက် အိမ်၏အကြီးအကဲဖြစ်သောအဘိုးဖြစ်သူလဲထိုစိတ်ဖြင့် ဆုံးပါးသွားခဲ့သည်။ဘုန်းထွဋ်နှင့်မာန်လည်းဝမ်းနည်းယုံမှအပဘာမှမတက်နိုင်ခဲ့ပေ။ဘုန်းထွဋ်လည်း အဘိုးနေရာကိုမယူချင်လည်း မနိုင်မနင်းယူရတော့သည်။

ပှံမှန်ဆေးကုသခံယူ၍ခြောက်လကြာပြီးနောက်တွင် ပိုးသား အစ်ကိုများကိုပြန်လည်မှတ်မိစပြုလာခဲ့ကာဘုန်းထွဋ်လဲပိုးကိုမချုပ်ချယ်တော့ဘဲ

"ပိုးရေ ညီမလေး ဘာစားချင်လဲ "

ဆေးရုံကုတင်ထက်မှသူချစ်ရသောညီမလေး၏ပါးကိုအသာဆွဲကာ မေးရှာ၍

ကိုကြီးရဲ့ကောင်လေး(completed)Where stories live. Discover now