အပိုင်း(7)

5.9K 401 4
                                    

zawg

ကိုကြီးရဲ့ကောင်လေး အပိုင်း(၇)

07/05/2020

ဘုန်းထွဋ်နှင့်ခိုကိုးကားစီးရင်း လမ်း၌မထင်မှတ်ထားသည့်အခက်ခဲတစ်ခုပေါထွက်လာခဲ့လေသည်။

"ကျွတ် ကားကဘာဖြစ်တာလဲ"

ရုတ်တရက်ကားရပ်သွားသောကြောင့်ဘုန်းထွဋ်လဲစိတ်မကြည်စွာဖြင့်နူတ်မှပြောထွက်မီလေ၏။ကောင်းလေးသည် ကားအကြောင်းနားမလည်သဖြင့်ဘုန်းထွဋ်မျက်နှာကိုသာကြည့်နေမိသည်။သူသည်ကားပေါမှဆင်းလာ၍ကားဘာဖြစ်လဲဟူ၍လှည့်ပက်ကြည့်နေသည်။

"ဟူး... "

ခိုကိုးရာလည်းကားပေါ်မှသက်ပြင်းချသံနှင့်အတူဆင်းလာပြီးခေါင်းလေးအသာကုတ်ပြီးစိတ်ပျက်စွာဖြင့်

"ကဲ ဘာဖြစ်ရပြန်တာလဲ"

ဘုန်းထွဋ်ကိုမခေါ်ချင်မမေးချင်ပေမယ့်လည်းမပြောမဖြစ်သောအချိန်နေကြောင့်မေးလိုက်လေသည်။

"ကားပျက်သွားတာ ကိုယ်လဲမပြင်တက်ဘူး  ပြင်စရာပစ္စည်းတွေလဲပါမလာဘူး"

"ဟမ် ဖြစ်ရမယ်ဖြစ်ရမယ် ။ခင်ဗျားနဲ့ကျွန်တော်လေဘယ်ဘဝမှာများကားတွေနဲ့ရေစက်တွေပါတွေစုံခဲ့သလားဘဲ"

ခိုကိုးသည်ဘုန်းထွဋ်အဖြေကြောင့်အံ့သြမူ စိတ်ဆိုးမူများဖြင့်ရွဲ့ပြောလိုက်ရာ

"အွန်... ဖြစ်နိုင်တယ်နော်"

ဘုန်းထွဋ်လည်းခိုကိုး၏စူပုတ်ပုတ်မျက်နှာထားဖြင့်ချစ်စရာကောင်းစွာရွဲ့ပြောနေသောဟန်လေးကိုသဘောကျ၍ရုပ်တည်ကြီးဖြင့်ပြန်စလိုက်လေသည်။

"ရွဲ့ပြောနေတာရွဲ့ပြောနေတာအရူးရဲ့ ။ခင်ဗျားနဲ့ပက်သက်တိုင်းပြသနာတစ်ခုမဟုက်တစ်ခုတက်တယ် ။အထူးသဖြင့်ကားတွေနဲ့ပက်သက်ရင် ဟူး...  အစောကတည်းကtaxiနဲ့သွားရင်ပြီးနေတာကို  ကျွန်တော်မှားတာကျွန်တော်ကိုကမှားတာ"

ခိုကိုး၏နုတ်ခမ်းပါးပါးလေးထော်ထော်နှင့်အတူလက်ဟန်ခြေဟန်လေးဖြင့်အပြစ်ရှာနေသည်မှာဘုန်းထွဋ်အဖို့အသဲယားစရာပင် ။ထို့ကြောင့် သူ၏ ပါးစပ်မှရီသံတချို့ဖြစ်ပေါလာခဲ့၏။

ကိုကြီးရဲ့ကောင်လေး(completed)Tempat cerita menjadi hidup. Temukan sekarang