To_My__

19 3 0
                                    

သူ့ကို စ,သိတာ တစ်စိတ်တစ်ပိုင်းသော
သူ့ခံစားချက်စကားလုံးတွေကို
စာစီထားတဲ့ အဖွဲ့အနွဲ့အချို့နဲ့...

သူရဲ့ Acc Name ကို သတိထားမိရုံလေး
သူ့ရဲ့ အဖွဲ့အနွဲ့တွေ သူ့ရဲ့ခံစားတတ်ပုံတွေ
သဘောကျမိရုံလေးသာ...

သူ့ရဲ့ ပုံပြင်လေးအချို့ ဖတ်ရပြန်တယ်
မှတ်ချက်တို​လေးတွေပေးဖြစ်တယ်
ပြန်စာမရမှာကို သိပ်ကြောက်မိသေးတာ...

သူ့ရဲ့ Acc လေးဆီ အလည်သွားတယ်
သူ့ရဲ့ Profile လေးထိုင်ကြည့်တယ်
သူ့ကိုစကားမှ မပြောရဲတာ...

ယောက်ျားလေးလား မိန်းကလေးလား
ဘယ်သူဘယ်ဝါမှန်းလည်း မသိဘူး
သိဖို့လည်း မကြိုးစားမိဘူး...

သူ့ရဲ့ရင်းနှီးသူဖြစ်ဖို့ မမျှော်လင့်ဘူး
တကယ်တော့ ကိုယ်ဟာ
သူမသိတဲ့ မှန်နံရံလေးတစ်ဖက်ခြမ်းမှာ...

ဒီအတိုင်း... ဒီအတိုင်းလေးဘဲ
သူရဲ့ဖြစ်တည်မှုလေးကို တန်ဖိုးထားမိတာ
သူ့ကို သဘောကျမိရုံလေးသာ...

#To_My__
#ChueSaeyar

To_My__Where stories live. Discover now