အပိုင္း(၃)

Start from the beginning
                                    

" တောင်ကြီးသခင်ရဲ့ သားငယ်ပါ "

" အလို! ဒါဆို ဝမ်လျင် သားလား၊၊ သူ့သားတွေက အိုမီဂါဖြစ်ပေမဲ့ ချောမောလှပတယ်ဆိုပြီး ဂုဏ်သတင်း မွှေးလှတယ် "

" ခမည်းတော် သိလို့လား "

" ဟားဟား သိတာပေါ့ သားရယ်၊၊ ဝမ်လျင်က သိုင်းပညာမှာ တူမတူအောင် တစ်ဖက်ကမ်း တတ်မြောက်သူပါ၊၊ အရင်က ဒီနန်းတော်ရဲ့ အရာရှိပဲ၊၊ အင်း ... သူ မိန်းမရပြီးမှ နန်းတော်က ထွက်သွားခဲ့တာ "

စိတ်ဝင်တစား နားထောင်နေတဲ့ သားဖြစ်သူကြောင့် မင်းကြီး ပြုံးမြမြလေး ဖြစ်သွားရသည်၊၊ သားက သူတစ်ပါး အကြောင်း စိတ်ပါဝင်စားတာ ဒီတစ်ကြိမ်ပါပဲ၊၊

" ခမည်းတော်ဆီ တိုင်စာတွေရောက်လာတယ် "

ရှောင်းကျန့် အတွက် မထူးဆန်း၊၊ ဘုရင်တစ်ပါးဆိုတော့ အမတ်ချုပ်တွေဉာဏ်နီဉာဏ်နက်က သူ့ထံပဲ ခြေဦးလှည့်တယ်၊၊

" သားကို ဘုရင် မြှောက်ဖို့နဲ့ လက်ဆက် ပေးဖို့ပါပဲ "

" သားမှာ ရည်ရွယ်ထားသူ ရှိပါတယ် "

" ဘယ်သူလဲ သား "

" အဟင်း... တစ်ယောက်သောသူပါ"

ရှောင်းကျန့် က ရေနွေးကြမ်းအိုးကို စိုက်ကြည့်ရင်း ပြုံးမြမြနဲ့ဖြေသည်၊၊

" ခမည်းတော်ကို ပထမဆုံး အနေနဲ့ သားဘက်က တောင်းဆိုတာပါ၊၊ သား ရည်ရွယ်ထားသူနဲ့ပဲ လက်ဆက် ချင်တယ် "

သားဘက်က ပထမဆုံး သူကို တောင်းဆိုတာဆိုတော့ သူမငြင်းရက်တော့ပါ၊၊ သားက အမြဲ သူအားသူကိုးတတ်တာ၊၊ အခုလို တောင်းဆိုပုံရရင် သား မေတ္တာ မျှနေတဲ့ သူက လူကောင်းလေး ဖြစ်ပုံပါပဲ၊၊

" သားကို ခွင့်ပြုပါတယ် "

" ကျေးဇူးကြီးမားလှပါတယ် ခမည်းတော် "

ကိုယ်ဘက်က ဆူးခလုတ်တွေ ရှင်းထားပြီးပြီ၊၊ မင်းဘက်က ကိုယ် ကို လက်ခံပေးဖို့ပဲ လိုတော့တယ်၊၊ အတွေးနဲ့ အတူ ရှောင်းကျန့် အရမ်းကို ဝမ်းသာအားရ ဖြစ်နေတော့သည်၊၊ မင်းလေးကို ပိုင်ဆိုင်ရဖို့ မစောင့်နိုင်တော့ဘူး ကိုယ့်ရဲ့ အိုမီဂါ လေးရယ်၊၊

ဧကရာဇ်ရဲ့  မူပိုင်လူ [[ Completed  ]]Where stories live. Discover now