💕Ep> 23(Uni&Zaw)

3.1K 312 36
                                    

(Uni)

"ဝမ်.....ရိ.....ပေါ်.....'''

အချိန်အကြာကြီးမျော်နေခဲ့ရတဲ့ကိုကို
ခုမွ ဘယ်ကဘယ်လိုပေါ်လာမှန်းမသိ...
ဆိုင်အဝကနေ ဟိန်းထွက်လာတဲ့ ကိုကို့လေသံကြောင့်
တစ်ကိုယ်လုံးတုန်တက်သွားသည်။

"ကိုကို''

"မင်း....လာစမ်း....''

ဝုန်း....

"အ့.......''

ရုတ်တရပ်ဆန်လွန်းသည့် အခြေအနေကြောင့်
ရှောင်ချိန်မရလိုက် ထိုင်နေရင်း လက်ကိုအားနဲ့ဆောင့်ဆွဲခံလိုက်ရတော့
စားပွဲခုံကိုထိပြီး ပူပူလောင်လောင်ခေါက်ဆွဲဗူးက
ပေါင်ပေါ်ဖိတ်ကျသွားသည်။
သို့ပေမယ့် လူူသတ်တော့မည့်အတိုင်း
ဒေါသထွက်နေသည့် ကိုကို့ကြောင့်
အပူလောင်သွားတာတောင် အသံမထွက်ရဲ.....

"ရှောင်းကျန့်..... မင်းအရမ်းရိုင်းတယ်....''

"အဟက်.....မြင်ဖူးပါတယ်လို့....မင်းကျူးယွင်ပဲ....''

"ဟုတ်တယ်.... ဒီကေလး မင်းကိုအကြာကြီးစောင့်နေခဲ့တာ မင်းသိလား.... မင်းသူ့ကို ဒီလိုမဆက်ဆံသင့်ဘူး.....''

"အက်ဒါ....မင်းနဲ့မဆိုင်ဘူး.....''

"ဆိုင်တယ်....ဒီညအိမ်ပြန်ပို့ပေးဖို့ငါတောင်းဆိုပြီးသားဖြစ်သလို သူလည်းခွင့်ပြုတယ်.....''

". ......''

ခွင့်ပြုတယ်ဟတ်လား....
ကိုယ်မလာခဲ့ရင် မင်းကဒီကောင်နဲ့သာယာနေမှာပေါ့
ဒီလို တစ်ဝိုင်းထဲ စားသောက်ရင်းလေ...
မင်းအဆင်ပြေနေတာကိုမသိပဲ
ကိုယ့်ကိုစောင့်နေတယ်အထင်နဲ့
ဘယ်လောက်တောင် စိတ်ပူခဲ့ရလဲဆိုတာမင်းမသိဘူး

အပြေးတလွှား လိုက်ရှာခဲ့တဲ့ကိုယ်က
စောက်ရူးလား........

ဒေါသနဲ့ ပိုတိုး၍တင်းကျပ်အောင်ဆုတ်ကိုင်လာတော့
ဝမ်လေး လက်ဖျံကြောတွေထုံကျင်နာလာကာ
အရိုးတွေကြေကုန်ပြီလားဟု တွေးမိသည့်အထိ...

"ကို....ကို...''

"မင်းပါးစပ်ပိတ်ထား..... လာ....အိမ်ပြန်မယ်.... ''

ဆောင့်ဆွဲခေါ်လိုက်ပေမယ့်
ဝမ်လေးကပါမလာ....
ကျူးယွင်က ဝမ်လေးရဲ့ကျန်လက်တစ်ဖက်ကိုလှမ်းဆွဲထားတာမို့
ရှောင်းကျန့် ရဲ့အခြေအနေပို၍တင်းမာသွားသည်။

Love me again 💕(Completed)Where stories live. Discover now