💕Ep>6(Uni&Zaw)

3.9K 400 7
                                    

(Uni)

"အကိုလေး အဆင်သင့်ဖြစ်ရင်သွားကြမယ်လို့ပြောပါတယ်...''

"ကျွန်တော် အဆင်သင့်ဖြစ်ပါပြီ...''

တစ်နှစ်ကျော်အချိန်ဆိုတာ
တကယ်ကိုမြန်ဆန်လှသည်
ခုဆို ကျွန်တော် ရှောင်းကျန့်က
အထက်တန်းပြီးလို့ တက္ကသိုလ် ရောက်နေပြီဆိုပါတော့
အသက်ငယ်သေးပေမယ့် အစွမ်းရှိသလောက်
ပညာရေးမှာရော စီးပွားရေးနယ်ပယ်မှာပါ
ထူးချွန်အောင်ကြိုးစားခဲ့တယ်
ခိုင်းသမျှကိုလည်း တသွေမတိမ်းလိုက်နာပြီး
စေ့စပ်သေချာစွာလုပ်ကိုင်ပေးခဲ့တယ်
ခုချိန်ထိတော့
သခင်ကြီးဆိုတဲ့ Mr.Wang ရဲ့ယုံကြည်မှုကိုရယူဖို့ကြိုးစားနေတုန်းဆိုပါတော့

ယုံကြည်မှုဆိုတာ ကျွန်တော့အတွက်
လှည့်ကွက်တွေကို ကစားလို့အကောင်းဆုံးအရာမို့လို့ပဲ
_

ဝမ်လေး Korea ကိုသွားပြီးနောက်ပိုင်း
သခင်ကြီးက ရှောင်းကျန် ့ကိုအစစအရာပိုပြီး
ပံ့ပိုးပေးလာသည်
အရင်တုန်းကလို အကြမ်းပတမ်းရိုက်တာမျိုးတွေမလုပ်တော့ပဲ
လုပ်ငန်းအတွေ့အကြုံတွေကိုပါ
သင်ပေးပြောပြပေးလာသည်
တစ်နည်းအားဖြင့် အားကိုးချင်လာသည်ဆိုလျှင်ပိုမှန်မည်။
အရင်တုန်းကဆို
လမ်းဘေးနေလမ်းဘေးစားလေးအလား
ပစ္စည်းသွားလဲပြီဆိုရင်
တိုက်ရခိုက်ရ ကျော်ရခွရဖျံကျရတာ
လြယ္ကူမေနခဲ့ဘူး....

မတော်တဆ ကိုယ့်ဘက်ကများခံလာရပြီဆိုရင်
နှစ်ပတ်လောက်မထနိုင်အောင်
အရိုက်ခံရသေးသည်။

ဒီညမှာတော့ လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံပွဲမှာ
ကျွန်တော်ပါ ပွဲတက်ရမည်တဲ့
အခွင့်အရေးတစ်ခုလို့ ပြောယူရမလားပဲ

ရှောင်းကျန့် အတွေးတွေကိုလက်စသပ်ပြီး
အခန်းထဲက ထွက်လာလိုက်တယ်
_
_
_
"သခင်ကြီး ....''

"မင်းငါ့ကို daddy လို့ပြောင်းခေါ်သင့်တယ်...''

"ဗ်ာ...''

"ဟုတ်တယ် ခုချိန်ကစပြီး မင်းကငါ့သားပဲ...''

ရှောင်းကျန့် ခဏမ်ွ တိတ်ဆိတ်သွားသည်။
လူသိရှင်ကြား သားအဖြစ်ကြော်ငြာမလို့လား
Wang လုပ်ငန်းစုရဲ့ဆက်ခံသူကို
လုပ်ငန်းရှင်တိုင်း ငမ်းငမ်းတက်သိချင်နေကြချိန်မှာ
သားအဖြစ် ကြေည်ငြာလိုက်မယ်ဆိုရင်
ပိုိပြီးရှုပ်ထွေးကုန်လိမ့်မယ်
အထက်တန်း ကျောင်းနေချိန်တုန်းက
Mr.Wang ရဲ့သားဆိုပြီးတစ်ချို့တစ်ချို့ကသိခဲ့ကြပေမယ့်
ထင်ထင်ရှားရှားမဟုတ်
မွေးစားသားဆိုတာလည်း
ဝမ်အိမ်တော်ထဲကလူတွေကလွဲပြီး
မည်သူမှမသိ.....

Love me again 💕(Completed)Where stories live. Discover now