အပိုင္း (၁)

Start from the beginning
                                    

" ငါ တို့ လူစုခွဲမှ ဖြစ်မယ်၊၊ သတ်မှတ်ထားတဲ့ နေရာမှာ တွေ့ကြမယ်၊၊ အ့ အကယ်၍ ငါမလာနိုင်ခဲ့ရင် နန်းတော် ပြန်ပါ"

" ကျွန်တော်မျိုး အရှင့်သား ကို တစ်ယောက်ထဲ မထားခဲ့နိုင်ဘူး "

" ငါ့ မင်းသား ရဲ့ အမိန့်ကို လွန်ဆန်တာလား "

မျက်ဝန်းရဲရဲတွေနဲ့ စိုက်ကြည့်နေတဲ့ အရှင့်သားကြောင့် ယွီပင်း က ခေါင်းငုံ့လိုက်သည်၊၊ အရှင့်သား က ကြောက်ဖို့လဲ ကောင်းသည်၊၊

ယွီပင်း နဲ့ သူ လမ်းခွဲပြီး တစ်နေရာစီ ထွက်သွားကြသည်၊၊ ရှောင်းကျန့် မှာ ဒဏ်ရာလဲ ရနေ၍ လူက နုံးချီလာသည်၊၊ ဝေးဝေးပြေးနိုင်မှာ မဟုတ်တော့ဘူး၊၊ အတော်ကြာ လျှောက်လာရင်းမှ ကျောက်ဂူကြီးတစ်ခု တွေ့၍ ဝင်နားလိုက်သည်၊၊

ကျောက်ဂူကြီး အတွင်းပိုင်းမှာ ရေကန်ငယ်လေးတစ်ကန်ရှိတယ်၊၊ ကြာပန်းနဲ့ ကြာရွက်တွေ ရှိပြီး ပတ်လည်မှာ ပန်းလေးတွေ၊ နွယ်ကြိုးနဲ့ တသီတတန်း  ပေါက်ရောက်နေသည်၊၊ ဒီလောက်လှတဲ့ ကျောက်ဂူကို သူရောက်လာခဲ့တာ ဝမ်းသာစရာပါပဲလား၊၊

တစ်နေရာမှာ ဝင်ထိုရင်း အကျႍကို အနည်းငယ် ဟကြည့်ကာ ဒဏ်ရာကို စစ်ဆေးလိုက်သည်၊၊ ယုတ်မာလှတဲ့ လူသတ်သမားတွေဘေးက လွတ်လာသော်ငှား သူရတဲ့ ဒဏ်ရာက အဆိပ်အနည်းငယ် ပါနေတော့ ပိုဆိုးလာသည်၊၊ နှုတ်ခမ်းတစ်ခုလုံး ဖြူဖွေးလာပြီး လူကလဲ ပန်းလာသည်၊၊ မျက်လုံးတွေ မေးစင်းသွားတော့သည်၊၊ သူ အဆုံးသတ်က ဒီလိုပဲလား၊၊

တောင်ကြီးသခင် ဝမ်လျင် က ခန့်ညားသော Alphaတစ်ယောက်ဖြစ်ပြီး သူ၏ Mate ကလဲ လှပသည်၊၊ သူ့တွင် ဝမ်ကျိုးချန် ၊ ဝမ်ရိပေါ် ဟူသော သိပ်လှတဲ့ Omega သားနှစ်ယောက်ကို ပိုင်ဆိုင်ထားသည်၊၊

ဝမ်ကျိုးချန်က အကြီး ဖြစ်ပြီး သူ နဲ့ စေ့စပ်ထားတဲ့သူကတော့ Alpha လျှိုဟိုက်ခွမ်း ဖြစ်သည်၊၊ ဝမ်ရိပေါ် က အရမ်း (အရမ်း) ချစ်စရာကောင်းပြီး ယမင်းရုပ်လေးပမာ ကြွေရုပ်ငယ်လေးသဖွယ် လှပလွန်းပြီး ရနံ့ကလဲ သင်းပျံ့လှသည်၊၊

ဝမ်ရိပေါ် က အသက် ၁၈နှစ် စွန်းစွန်း သာ ရှိသေးပြီး တောင်ကြီးသခင်ရဲ့ ချစ်မဝ အထွေးဆုံး သားရတနာလေး ဖြစ်သည်၊၊ အပြင်တွေထွက်ခွင့် မပေး၊၊ အချောအလှလေး ပိုင်ဆိုင်ခွင့် ရထားတဲ့ အတွက် ဖခင်တို့သဘာဝ စိုးရိမ်မိတာပေါ့၊၊

ဧကရာဇ်ရဲ့  မူပိုင်လူ [[ Completed  ]]Where stories live. Discover now