Andelina-"Jone"

ကဲဘာတက်နိုင်သေးလဲ ဘဲကြီးက ကျုပ်မှကျုပ်ဘဲ ဘဲကြီးအကွယ်မှာအဲ့ဒီမိန်းမကို မျက်လုံးတစ်ဖတ်မှိတ်ပြီးလျာထုတ်ပြလိုက်တယ် သဘောကလစ်ဆိုတဲ့သဘော

Andelina-"ကောင်းပြီလေ Joneဒို့ပြန်တော့မယ်"

"ပြန်ပြန် မြန်မြန်ပြန် မျက်စိနောက်တယ်"

ဒီစကားကိုတော့ ဘဲကြီးမကြားပေမယ့် ဒီမိန်းမကောင်းကောင်းကြားမှာပါ

"အင်း ဒါဆိုကိုယ်လိုက်မပို့တော့ဘူး"

ဟိုမိန်းမထွက်သွားတာနဲ့ ဘဲကြီးကိုတွဲထားတဲ့လက်ကိုချက်ချင်းဖြုတ်လိုက်တယ်

"အဟမ်း ခုနကခေါင်းနည်းနည်းမူးသွားလို့ ဘာတွေဖြစ်သွားတာလဲ"

"တကယ်မမှတ်မိဘူးလား"

"အ  အင်း"

"ပါးဖောင်းလေး ကိုယ့်ကိုအဖြေပေးလိုက်တာလေ"

"ဘာလျောက်မပြောနဲ့ ဘာအဖြေမှပေးမနေဘူး"

"မှတ်မိရဲ့သားနဲ့ ဟန်ဆောင်တယ် ပြောပါဦး ခုနကကိုယ့်ကိုသဝန်တိုနေတဲ့အကြောင်းလေး"

"ဘယ်သဝန်မှတိုစရာအကြောင်းမရှိဘူးနော် ခများကြီးအခက်တွေ့နေမှာစိုးလို့ကူညီပေးလိုက်တဲ့သဘောဘဲ"

"အော် ကိုယ့်ကိုကူညီလိုက်တာပေါ့ ဟုတ်လား"

"ဟုတ်တယ် တော်ပြီဗိုက်ဆာတယ် ပိုက်ဆံရှင်းပြီးလိုက်ခဲ့တော့"

ကားထဲထိုင်စောင့်နေရင်း ခဏနေတော့ ဘဲကြီးရောက်လာတယ် အင်းဘဲကြီးကဘယ်ရှုထောင့်ကကြည့်ကြည့် သောက်ရမ်းမိမိုက်နေတာကလူကိုသဝန်တိုစေတယ် အရေးထဲဆံပင်အရှည်ကထားသေးတယ် အံမယ်အားမရလို့နောက်မှာစုစည်းထားသေးတာ သောက်ရမ်းကြည့်ကောင်းလွန်းတယ် ကြည့်လို့ကိုမရဘူးဟွန့်

"ကဲပြော ပါးဖောင်းလေးဘာစားချင်လဲ"

"Tteokbokki , Kimchi Rice,Chicken Katsu, Fish Cake
အင်းးး အခုလောလောဆယ်တော့ဒါဘဲစားချင်တယ်"

"အော် ကိုယ့်ပါးဖောင်းလေးက အစားအသောက်ပျက်နေတာဘဲ"

"ဘာလဲဝယ်မကျွေးချင်လို့လား"

BAL GYI Where stories live. Discover now