● First Sight ●

4.9K 149 0
                                    

# Crd to original artist #

Oops! Bu görüntü içerik kurallarımıza uymuyor. Yayımlamaya devam etmek için görüntüyü kaldırmayı ya da başka bir görüntü yüklemeyi deneyin.

# Crd to original artist #

မ‌မျှော်လင့်ပါဘဲ ထိုလူကသူ့ရှေ့မှပိတ်ရပ်လာလေ၏။

လူနှစ်ယောက်က အန္တရာယ်အခြေအနေတွင်ရှိနေပြီး တိုက်မိတော့မလို ဖြစ်သွားရသည်။

ကံကောင်းစွာနဲ့ ရန်ရိကရပ်လိုက်ကာ နီးကပ်သွားရပြီး ထိုလူကတကယ်အရပ်ရှည်ကြောင်း သိရှိလိုက်ရသည်။
သူသည် 184 cm ရှိသည်ဖြစ်၍ ထိုလူက 190 နီးပါးတောင်ရှိမည်စိုးရ၏။

ရန်ရိ မျက်မှောင်ကျုံ့လိုက်သည်။
" ကိုယ်မင်းကိုသိလို့လား?"

" ခင်များက ရန်ရိလား?"

သူစကားပြောလိုက်သည်။ သူ့အသံက အေးစက်ပြီးပုံစံနှင့်လိုက်ဖက်စွာ မာနထောင်လွှားနေသည်။
သို့သော် မထင်မှန်ထားဘဲ သူ့အသံက ရှေးဟောင်းဘုရားကျောင်းမှလေပြင်းတစ်ချက် ဝေ့ဝဲလာသကဲ့သို့ ကောင်းမွန်၊ လှပပြီးအားပါသည်။
ထိုအသံကား သိက္ခာကြီးကာ ဆွဲဆောင်မှုသည့်အသံပင်ဖြစ်သည်။

ရန်ရိ ထိုလူကို သေချာပြန်ကြည့်လိုက်သည်။
" ကိုယ်တို့တွေ့ဖူးလား? မင်း mask ချွတ်လိုက်ရင်ရော?"

ဒီလိုပူပြင်းတဲ့နေ့မှာ ဘယ်လိုများ mask နှင့် လက်အိတ်တွေဝတ်နိုင်ပါလိမ့်။

" နာမည်က ကုံးရင့်ရှန်၊ ကုံးဖေးလန်ရဲ့အစ်ကို "
ထိုသူ့ကြည့်ရတာ ရန်ရိနဲ့အလာပသလာပ တွေ‌ပြော ချင်ပုံမရ။

" အို့ သူ့အစ်ကို " ရန်ရိပြောလိုက်သည်။

" ကိုယ်က သူမိသားစုနဲ့ပြောချင်ရုံပါ "

ကုံးရင့်ရှန် ရုတ်တရက် သူ့အိတ်ကပ်ထဲမှတစ်စုံတစ်ခုထုတ်လိုက်သည်။
၎င်းဟာသက်သေခံကတ်ပြားဖြစ်ကာ ခတ်နှိပ်ထားသောတံဆိပ်မှာကား  လူတိုင်းနှင့်အကျွမ်းတဝင်ရှိလှသည့် - ရဲတပ်ဖွဲ့။

Flame Armor《 Photo book 》Hikayelerin yaşadığı yer. Şimdi keşfedin