"အင်းးးးးးShoppingထွက်ပြီးတစ်ခုခုသွားစားရင်ကောင်းမလားလို့ ပါးဖောင်းလေးကမလိုက်ဘူးဆိုတော့လဲ Andelinaကိုဘဲခေါ်သွားရတော့မယ်"

"လာပြန်ပြီဒီAndelina ဒီမိန်းမ မပါရင်မပြီးဘူးလားမသိဘူး"

"ဘာတွေပွစိပွစိပြောနေတာလဲ"

"ဘာမှမဟုတ်ဘူး သွားမယ်လို့ ခဏစောင့် အဝတ်အစားလဲလိုက်ဦးမယ်"

ဘာမှန်းကိုမသိဘူး မုန်းဖို့ကောင်းတဲ့ဘဲကြီး လဲမယ့်အဝတ်အစားယူပြီးရေချိုးခန်းထဲဝင်မလို့လုပ်တော့ လက်မောင်းကိုဆွဲထားတဲ့လက်တစ်ဖတ်

"ဘယ်သွားမလို့လဲ"

"ဘယ်သွားရမှာလဲ အဝတ်လဲမလို့လေ"

"ဒီမှာဘဲလဲလေ"

"ဟင်း ဟင်း ညပါအိပ်နေရလိမ့်မယ် လွတ်"

ဒီနာဘူးဘဲကြီးနဲ့ လွယ်ကူတယ်လို့ထင်နေကြတာလား လုံးဝလွယ်ကူမနေဘူးနော် သူ့ရှေ့မှာသာအဝတ်လဲကြည့်ပါလား ဒီနေ့Shoppingသွားလိုက်ရမှာမဟုတ်ဘူး Shoppingထွက်မှာဆိုတော့ရိုးရိုးရှင်းရှင်းလေးဘဲဝတ်လိုက်ပါတယ်
အဖြူရောင်လက်ရှည်အပါးကို မှ ဘောင်းဘီအဖြူရောင်အပါးလေးနဲ့ ရင်ဘတ်နားမှာ ကနုတ်ပန်းလေးတွေပါတယ် အတွင်းသားလေးနဲနဲ မြင်နေရတာကလွဲရင် အဆင်ပြေပါတယ်

"ပါးဖောင်းလေး ဘယ်လိုကြီးဝတ်လာတာလဲ"

"ဘယ်လိုဝတ်လို့လဲ ဒီလိုဘဲလေ"

"ဘာဘဲဖြစ်ဖြစ်မကောင်းဘူးလဲလိုက်"

"ဘာကိစ္စလဲရမှာလဲ"

ဝတ်ထားတာကအတွင်းသားတွေတောင်မြင်နေရတာ ဒီလိုကြီးသာထွက်ရင်လူတကာငမ်းကြမှာပေါ့ ကိုယ်ကအဲ့လောက် သဒ္ဓါတရားတွေထက်သန်မနေဘူးလေ
ဒီဘဲကြီးဘာဖြစ်ချင်နေတာလဲ ဒီအတိုင်းဘဲဝတ်လာတာကို ဘာလို့လဲရမှာလဲမေးတော့ ဘဲကြီးရဲ့သန်မာတဲ့လက်တွေကHoseokခါးသေးသေးလေးကိုဆွဲဖတ်လိုက်တယ် ပြီးတော့နား နားကပ်ပြီးတိုးတိုးလေးပြောလိုက်တာက

"မင်းလေးက စောက်ရမ်းလှနေတော့ ကိုယ်မနာလိုတယ်ကွာ"

"အွန်း ရိုးရိုးပြောလဲရတာကို အဲ့လိုပြောမှဖြစ်မှာလား ဖယ်လဲလိုက်မယ်"

BAL GYI Nơi câu chuyện tồn tại. Hãy khám phá bây giờ