"ဘာကိစ္စမိသားစုဖြစ်ရမှာလဲ"

"ဟဲ့သား စကားကိုအဲ့လိုမပြောရဘူးလေ ကိုကို သားထက်အကြီးကို"

"ဟုတ်တယ်Omaရာ ကျွန်တော်ပါးဖောင်းလေးကိုဆုံးမရဦးမယ်"

အော့ ကိုကိုတဲ့ ဘောကြီးကိုဘဲကိုကို

"အေးအေးသားရယ် အဆင်မပြေတာရှိရင်ပြောနော် ဒီကလေးဆိုးနေရင်လဲဆုံးမလိုက်ပါဦး"

"ဟုတ်Oma စိတ်ချပါ ကိုယ်ဖိရင်ဖိကိုဆုံးမမှာ"

"အေးပါသားရယ် ဒါဆိုသားတို့စကားပြောကြအုန်း Oma သားတို့စားဖို့တစ်ခုခုစီစဉ်လိုက်ဦးမယ်"

"ဟုတ်Oma "

ဟွန့်Omaတို့များ ဘဲကြီးကသူ့သားလား ဒီကHoseokလေးကသူ့သားလားမသဲကွဲဘူး တစ်သားသားနဲ့ ပါးစပ်ဖျားကမချဘူး အမလေးဆုံးမပေးပါဦးတဲ့ Hoseokလေးကဆိုးနေလို့လားဆုံးမရအောင် ဟိုလူကြီးကလဲ Omaရှေ့ကျမျက်နှာတစ်မျိုး Omaရေ Omaသားကို ဟိုလူကြီးက ကိုယ်ဖိရင်ဖိကိုဆုံးမပေးပါလိမ့်မယ် Omaသားလေး ကလေးမမွေးရရင်ကံကောင်း

"ရှဉ့်ပေါက်လေး ဘာတွေတွေးနေတာလဲ ကိုယ်ခေါ်နေတာကြာပြီ"

"ဘာတွေးရမှာလဲ ဘာမှတွေးမနေဘူး"

"ဟုတ်ပါပြီ ပြောပါဦး ကိုယ့်ကိုဘာလို့ရှောင်နေတာလဲ"

"ဘယ်မှာရှောင်လို့လဲ"

"ကျောင်းမှာတွေ့တုန်းကမျက်စိရှေ့တည့်တည့်လမ်းလျှောက်လာတာတောင် တမင်မမြင်ချင်ယောင်ဆောင်သွားတာမရှောင်တာလား"

"အာ့တာက သူငယ်ချင်းတွေနဲ့မုန့်သွားစားမလို့ကို ဘဲကြီးကိုမှမမြင်တာ အင်းဟုတ်တယ် တကယ်ကိုမမြင်တာ အေးအာ့တာ့မမြင်လို့ကွာ"

"မလိမ်တက်ဘဲလိမ်ရင်ငရဲကြီးတက်တယ်နော်"

"မကြားဖူးတာတွေပြောပြန်ပြီ"

မလိမ်တက်ဘဲ လိမ်နေတဲ့ပါးဖောင်းလေးက အဖြေပေးရမှာစိုးလို့ရှောင်နေမှန်း ကိုယ်ကမသိဘူးထင်နေလို့လား အင်းလိမ်နေလဲချစ်ဖို့ကောင်းနေတုန်းပါဘဲလေ

"ကိုယ်နဲ့လိုက်ခဲ့ "

"ဘယ်လိုက်ရမှာလဲ ဘယ်မှမလိုက်ဘူး"

BAL GYI Where stories live. Discover now