" Jongin ah !! တစ်ညလုံး ဘယ်သွားနေတာလဲ ငါ ဘယ်လောက်ထိစိတ်ပူနေတယ်မှတ်လဲ "
အပေါ်တက်ရန်ပြင်နေသည့် Jongin လက်တွေကို ဆွဲကာ ပြောနေသည့် KyungSoo မျက်ဝန်းတွေကို အကြည့်စူးစူးတွေပေးမိတော့ KyungSoo ခေါင်းငုံ့သွားလေရဲ့။လက်တွေကိုတော့ လွှတ်မပေးသေးပါ။
" မင်း ငါ့ကို စိတ်ဆိုးနေမယ်ဆိုတာ ငါ သိပါတယ် ငါ ရှင်းပြမယ်လေ နော် "
ခေါင်းငုံ့ရင်း ပြောနေသည့် KyungSoo အသံတွေက တုန်ရီနေလေရဲ့။မျက်ဝန်းတွေကိုမမြင်ရပေမယ့် ထိုမျက်ဝန်းတွေထဲ မျက်ရည်တွေရစ်ဝိုင်းနေမည်ကိုတော့ Jongin တွေးမိပါသည်။
" ငါ့ကို ဘာလိမ်အုံးမလို့လဲ Do KyungSoo "
ရင့်သီးသောအခေါ်အဝေါ်တွေကြောင့် KyungSoo အထိတ်တလန့်နှင့် မော့ကြည့်လေသည်။Jongin မျက်ဝန်းတွေကတော့ နာကျည်းမှုအသွင်ဆောင်နေပါလိမ့်မည်။
" Jongin ah !!! "
" ငါ ဘာမှမကြားချင်ဘူး ငါ မင်းမျက်နှာလဲ မမြင်ချင်ဘူး ငါ့ရှေ့မှာ မင်းရှိနေရင် ငါဘာလုပ်မိမလဲ မပြောနိုင်ဘူး ငါ့ ရှေ့ကနေထွက်သွားပေးပါ "
Jongin ရဲ့ ရက်စက်တဲ့စကားတွေကို မယုံကြည်နိုင်သလို KyungSoo မျက်ဝန်းတွေ ထဲ မျက်ရည်တွေ ရစ်ဝိုင်းလာပြန်သည်လေ။
" ငါ ရှင်းပြပါရစေ Jongin ရယ် "
" မကြားချင်ဘူး ထပ်ပြီး မင်းလိမ်ညာတာကို မခံချင်တော့ဘူး KyungSoo တော်ပါတော့ ကွာ"
ဆွဲထားတဲ့လက်တွေကို ရုန်းကာ ပြေးတက်လာခဲ့ပြီး အခန်းထဲဝင်ကာ တံခါးလော့ချလိုက်မိသည်။တကယ်က အဲ့လောက်ထိ ပစ်ပစ်ခါခါလုပ်ဖို့ စိတ်ကူးမျိုး Jongin ဆီမှာမရှိပေမယ့် ဘာလို့ လုပ်ခဲ့မိလဲ Jongin ကိုယ်တိုင်လဲနားမလည်ခဲ့။ကိုယ်တိုင်ပိတ်ထားသောတံခါးကိုမှီထားရင်းမှ တံခါးခေါက်သံလေးများကြားလေမလား နားစွင့်နေမိသည့် ကိုယ်ကိုကိုယ်လဲမုန်းမိသည်။တကယ်ဆို လိုက်လာပြီး တံခါးဖွင့်ခိုင်းကာ အသည်းအသန်ရှင်းပြမှုမျိုး လုပ်သင့်သည်မဟုတ်လား။
အတော်ကြာအောင်လှုပ်ရှားခြင်းမရှိသည့် တံခါးကိုကြည့်ပြီး စိတ်တိုလာသည့် Jongin အဖြစ်။၁၅ နှစ်လုံးလုံး စိတ်ရှည်လက်ရှည် လိမ်ညာခဲ့ပြီး ဖြေရှင်းချက်ပေးခါနီးမှ မမြင်ချင်ဘူး မကြားချင်ဘူးဆိုတာနှင့် ဘာမှမကြိုးစားတော့ဘူးလား DoKyungSoo။
အပိုင်း ၉ (unicode)
Start from the beginning