27

10.9K 1.6K 102
                                    

ဒုတိယမြောက်နေ့

အိပ်မပျော်တဲ့ ညမှာ အဖြစ်အပျက်တွေကို အိပ်မက်ဖြစ်စေချင်လို့ ကြိတ်မှိတ်အိပ်ခဲ့ရတယ်။
ပြန်နိုးထလာတဲ့အချိန်မှာ အိပ်မက် မဟုတ်ခဲ့ပြန်ဘူး။

"ကိုကို.."

လိုက်ကာစလို့ လှပ်လို့ ပန်ပန်က ခေါ်လာတယ်။ သူလည်း ငိုထားပုံ ရတယ်။ မျက်လုံးတွေက ဖောင်းအစ်လို့ နေပြီ။

"လာ ကိုကို့ဆီ"

လက်နှစ်ဖက်ဆန့်ပြီး လှမ်းခေါ်တော့ ရင်ခွင်ထဲဝင်လာလေရဲ့။

"ကိုကြီးက ပြန်လာမှာမလားဟင်။ ပန် သရက်ပင်မှာလည်း ရှာပြီးပြီ။ လမ်းထဲက အပင်တွေပေါ်လည်း လိုက်ကြည့်ပြီးပြီ။"

ရင်ထဲမှာ လှိုက်ခနဲ တက်လာတဲ့ စိုးရိမ်မှု ၊ ဝမ်းနည်းမှု ၊ ပြီးတော့ လွမ်းဆွတ်မှုတွေ နဲ့ ပန်ပန့် ခေါင်းလေးကို ခပ်ဖွဖွ တစ်ချက်ပွတ်ပေးလိုက်တယ်။

"ပြန်လာမှာပေါ့..သူ ကြိမ်းသေ ပြန်လာရမှာ"

ထွက်ခွာသွားတဲ့သူက မင်းမို့လို့ ပြန်လာတဲ့သူကလည်း မင်းပဲ ဖြစ်ရမယ် မာန်ပြည့်။ ငါကတော့ မင်း ပြန်လှည့်မလာမချင်း ရှာနေရမှာပဲ။

တဆစ်ဆစ်ကိုက်လာတော့ ခေါင်းကြောင့် ပန်ပန့်ကို ဖက်ထားတာ ဖယ်ချပြီး နားထင်ကို နှစ်ချက်သုံးချက် ထုပေးလိုက်ရသည်။

"ကိုကို ခေါင်းကိုက်လို့လား"

"အိပ်ရေးပျက်သွားလို့ ဖြစ်မယ်..ညီမလေး ကျောင်းသွားဖို့ ပြင်တော့လေ..ငိုမနေနဲ့..ကိုကိုက တွေ့အောင်လိုက်ရှာမှာ"

ပါးနှစ်ဖက်ကို အုပ်မိုးပြီး မျက်ရည်စတွေကို သုတ်ပေးတော့ ခေါင်းကို တဆတ်ဆတ် ညိတ်သည်။

##############
"မေချို အဆင်ပြေရဲ့လား"

မာန်ပြည့်တို့အိမ်ရောက်တော့ အမေက မီးဖိုချောင်မှာ ဆန်ပြုတ်ပြုတ်နေသည်။

"မျက်ရည် တစမ်းစမ်းပေါ့သားရယ်၊ အခုလည်း ဘာမှ စားမဝင်လို့ မေ ဆန်ပြုတ်လေး ပြုတ်ပေးနေတာ"

"အိမ်ကို သော့ခတ်ခဲ့တယ်။ အမေက မေချို့နားမှာ နေပေးပါဦး..သား ကျောင်းသွားရဦးမယ်"

အိမ်ပြေး , အိမ်ပြေး { Z + U } Complete Where stories live. Discover now