မရည်ရွယ်ပဲ ဆံပင် အုပ်အုပ်ကလေးများကို သပ်ကာတင်ပေးမိတော့ ဦးသာစိတ်ထဲ ရင်းနှီးသော ခံစားချက်တချို့ကိုပြန်ရသည်။ ထိုခံစားချက်သည် အချစ်လည်းမပါ အမုန်းလည်းမပါ။ ဒီတိုင်း စိတ်လှုပ်ရှားသွားရသလို ခံစားချက်မျိုး။ အဆိုပါ ပါးကလေးကို ဆွဲညှစ်ပစ်ချင်မိသလို ကလေးများ ချော့မြှူသလို ပါးကလေးအား ပုတ်ပေးချင်စိတ်က တဖွားဖွား။

ထို့နောက် နားထဲတွင်ကြားရသည်က နှင်းဆီထင်လင်း မောင်၏ စကားသံများ။

"ခွန်နှောင်းက အကို့ကို သူ့အိပ်မက်ရှည်ထဲက သူနဲ့ ပတ်သတ်ခဲ့ဖူးသူလို့ထင်နေတယ်၊ ပြီးတော့ အကိုက ခွန်နှောင်းကိုတွေ့မှ အသံတွေကြားနေရသလိုလို ရင်နာသလိုလိုဖြစ်တာ၊ ခွန်နှောင်းက အဲ့အဖြစ်အပျက်အားလုံးကိုမှတ်မိနေတာ၊ ဘာအဖြစ်အပျက်လဲတော့ ကျွန်တော်လည်း မပြောချင်ဘူး၊ အကိုနဲ့ဆိုင်ရင်တော့ အကိုလည်း သိနေမယ်ထင်တာပဲ၊ ခွန်နှောင်းကတော့ သူ့ကိုယ်သူပဲ မလုံမလဲဖြစ်နေတာထင်ပြီး စိတ်ပညာရှင်နဲ့ တွေ့ဖို့လုပ်ထားတယ်၊ အကိုအခု ခွန်နှောင်းဆီသွားမယ်ဆိုလည်း ကျွန်တော်မသွားတော့ဘူး၊ အကိုလည်း စဉ်းစားကြည့်ပေါ့ စိတ်ပညာရှင်နဲ့ တွေ့ချင်သလားဆိုတာ၊ အကယ်၍ အကိုနဲ့ သက်ဆိုင်နေတာမျိုးဆို အကိုမသိလိုက်ရပဲနေမယ်၊ သိတယ်မလား သျှန်ခွန်နှောင်းက တစ်ယောက်တည်းပဲ အကုန်ဖြေရှင်းနိုင်မယ် ထင်နေတဲ့လူလေ"

ဆံပင်သပ်တင်ပေးနေသော လက်တို့ကို ပြန်ရုတ်ရင်း ခွန်နှောင်းအတွက်ယူလာပေးသော စာအုပ်တို့ကို စားပွဲပေါ်တင်ရန် ရှိနေသော ဆေးဗန်းတို့ကို ဖယ်ရာ အသံထွက်လာသောကြောင့် ခွန်နှောင်းက ချက်ချင်းနိုးလာပါသည်။

"အစ်ကို စဝ်စံဦးသာ !"

"အင်း ခွန်နှောင်း နေမကောင်းဘူးဆိုလို့ လာကြည့်တာ"

"အာ ဟုတ်ကဲ့"

"တောင်းပန်ပါတယ် ကိုယ့်ကြောင့် သံစူးမိတာ"

"ရပါတယ်"

အခန်းတွင်းရှိလေထုက အေးစက်စက်။

စဝ်စံဦးသာက ခွန်နှောင်းကို တောက်လျှောက် စိုက်ကြည့်နေသော်ငြား ခွန်နှောင်းကတော့ အကြည့်တို့ကို လွှဲဖယ်နေသည်မှာ ကျီးကန်းတောင်းမှောက်။

နှောင်းဦးသက်လည်တည်စေအံ့Where stories live. Discover now