boyFriend power Challenge⚠️

5.3K 417 16
                                    

ဧည်ခံပွဲနေပြီးကတည်းက ရိပေါ်တို့က ရှောင်မားနဲ
ပိုလိုအဆင်ပြေလာသည်။ မိန်ကလေးလိုဟန်ဆောင်
စရာလဲ မလိုတော့ဘူး ရိပေါ်က လွတ်လွတ်လပ်လပ်
နေနိုင်ပြီး ။ ရှောင်းကျန့်ကလဲ ရိပေါ်ကို ပါစပ်ထဲ ငုံထားမတက်ချစ်တယ်။ ရှောင်အိမ်တော်ကြီးက ပြသနာတွေပြီးကတည်းက ပျော်ရွှင်မှုစံအိမ်ဖြစ်နေသည်။

အိပ်ခန်းထဲမှာ ဖုန်းကြည့်နေတဲ့ ရိပေါ်က
မျက်နှာကြီး ဖြီးလိုနေသည်။ ဖုန်းကြည့်နေရင်
မျက်လုံးလှန်ကြည့်ကာတံခါးဖွင့်ပြီးဝင်လာတဲ့ ရှောင်းကျန့်ကိုကြည့်ကာသူဖုန်းကိုသူပြန်ကြည့်လိုက်သည်။ Gymဆော့ပြီး ပြန်လာတဲ့ ရှောင်ကျန့်၏ပုံစံကိုတွေ့တော့ရိပေါ် မျက်လုံးများ လင်းလက်သွားသည်။

"ကျန့်ကော "

"ဗျာ အချစ် "

အဲလို အထူးတွေကြောင့်လဲ ရိပေါ် ကရှောင်ကျန့်ကို
တဖြုတ်ဖြုတ်ကြွေနေရတာ သေမတက်ချစ်နေရတာ။

ရိပေါ်ကမျက်နှာကြီး ဖြီးကား ကုတင်ပေါ်ကနေ ပြေးဆင်းပြီး ရှောင်ကျန့်ကို ဖုန်းထိုးပြသည်။

"ဒါလေလုပ်ရအောင် အခုခေတ်စားနေတာ "

ရိပေါ်ပြတဲ့ ဖုန်းကို ငုံကြည့်တော့ ရှောင်းကျန့်မျက်မှောင်ကြုတ်လိုက်သည်။ ရိပေါ်ပြတဲ ဖုန်းထဲမှာ ကောင်လေးကဖုန်းကိုတဖက်ကိုင်ပြီး ကောင်မလေးကို ပခုံးတဖက်ပေါ်တင်ထားတဲ့ Video 《Boyfriend power Challenge 》 တဲ့ ရှောင်းကျန့်က ရိပေါ်ကိုကြည့်တော့ သူကို မျက်လုံး လက်လက်တွေနဲကြည့်နေသည်။

"ဟုတ်ပြီး အချစ်သဘော "

"ယေး! အာ့ကြောင့် ကျန့်ကောကိုချစ်နေရတာဗျာ"

ပြောပြီး အပြင်းပြေးထွက်သွားတဲ့ ရိပေါ်ကို
ရှောင်းကျန့်က

"ဘယ်ကိုသွားမှာအုန်း Video ရိုက်မယ်ဆို "

"ယူစရာရှိ လို !!"

အပြင်ကနေ ပြန်အော်တဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်
ခေါင်းခါးပြုံးလိုက်ကာ ရိပေါ်ပြထားတဲ့ Video
ကို ထပ်ခါထပ်ခါပြန်ကြည့်နေသည်။ ဒီလိုမိန်ကလေး
တွေရဲ့ ပေါ့ပေါ့ပါးပါး ခန္တာကိုယ့်ကို ယောကျာ်လေး
အများစုက သယ်နိုင်ကျမှာပေါ့။ သူအချစ် ၀က်ပေါက်လေကိုတော့ ရှောင်ကျန့် သယ်ဖို့ တော်တော်အားယူရမယ်Gymတွေဆော့ထားလို
တော်ပါသေးရဲ့

ဟန်ဆောင်လက်ထပ်ခြင်းWhere stories live. Discover now