29

9.3K 933 18
                                    

ဆေးရုံးမှာလိုအပ်တာတွေကိုအကုန်လုပ်ပြီး
၁ပတ်နေတော့ ရှောင်မားဆေးရုံးက ဆင်းခဲ့ပြီး ။
ခြေထောက်အရိုးကျိုးသွားတဲအတွက်ကြောင့်
ကျောက်ပတ်တီးနဲ ၂လလောက်နေရမည်ဖြစ်
သည်။

ရိပေါ်တို့ကိုလဲ ရိပေါ်ယောကျာ်းလေဆိုတာ
သိတဲ့ နေကတည်းကရှောင်မားစကားပြောမလာဘူး။ ရိပေါ်နဲရှောင်ကျန့်မျက်နှာကိုရှောင်မားက ရှေ့ရှေ့တောင်မကြည့်ဘူး။ ရိပေါ်က ရှောင်မား
ဝေယျာဝစ္စိကိုအကုန်လုပ်ပေးချင်းပင်မဲ့
ရှောင်မားက ငြင်းဆန်သည်။

ရိပေါ်တို့ကိုလဲ ဆေးရုံးကို မလာခိုင်းပေ။ရှောင်မား ထိုကိစ္စသိသွားရင် ပြသာနာအကြီးအကျယ်တက်မယ်လိုထင်
ထာတဲ့ ရှောင်ကျန့်ကလဲ  ဘာမှမပြောဘဲ
တိတ်ဆိတ်နေတော့ သူအမေစိတ်ကျေနပ်အောင်
ဘာလုပ်ပေရမယ်ဆိုတာ မသိတော့ပေ။

အခုလို သူတို့ကိစ္စကို ဘာမှမပြောဘဲ တိတ်ဆိတ်နေတာကိုလဲအလွန်နေရခက်လှသည်။ အရင်တုန်းကလိုမကျေနပ်ရင်ဆူပူကြိမ်းမောင်းလိုက်ပါလာ။ လုံးဝစကားမပြောဘဲ တိတ်ဆိတ်နေတာ ရိပေါ်နဲ ရှောင်ကျန့်ကိုပို၍ဝမ်းနည်းစေသည်။
ဥပေက္ခာပြုထားသလိုလဲ ခံစားရသည်။

💚💚💚💚💚💚💚💚💚💚💚💚

ဆေးရုံးက ဆင်းတာ ၂ပတ်လောက်ရှိပြီးဖြစ်တဲ့ ရှောင်မားကသူမအိပ်ခန်းထဲကနေလုံးဝထွက်မလာခဲ့ဘူး။ရှောင်မားရဲ့ ကိစ္စမှန်သမျှကို Xuan lu jie
နဲ ရှောင်ပါး သာလုပ်ပေးရသည်။ Company
ကိစ္စမှန်သမျှကိုလဲ Xuan lu jieယောကျာ်း
ယုချန်းက အလုံးစုံတာဝန်ယူရသည်။
ကျန့်ကောကတော့ Companyမသွားတော့ဘဲ
ရိပေါ်နား၌သာ နေလေသည်။

ရှောင်မားရဲ့အသက်၅၃နှစ်ပြည့်မွေးနေ့ပွဲကိုလဲ
အရင်တုန်းကလို ခမ်းခမ်းနားနားမကျင်ပတော့ဘဲ ရှောင်ပါးကို မိဘမဲ့ ဂေဟာမှာသာ ကလေးတွေကို အလှူပြုခိုင်းသည်။ ရိပေါ်က ရှောင်မားကိုသက်ရှည်ခေါက်ဆွဲလုပ်ကျွေး
တော့လဲမာနာတရားကြီးလွန်တဲ့ ရှောင်မားက မစားဘဲ ရိပေါ်ရှေ့၌သာသွန်းပစ်လိုက်သည်။
အသည်းမားလွန်တဲ့ ရှောင်မားပါ ။

ထိုသို့အမေရဲ့ ဥပေက္ခာတွေဘဲဆက်တိုက်ရနေတဲ့ ရိပေါ်က တင်ခံမနိုင်တော့ဘဲ ရှောင်ကျန့်ရင်ခွင်ထဲ ၌သည်းထန်စွာငိုကြွေးလေသည်။ ရှောင်ကျန်လဲ စိတ်မကောင်းတော့ဖြစ်မိသည်။ သူတို့ကို သာဘောမတူဘူးလဲ မပြောဘူး...မတူဘူးလိုလဲ မပြောဘူး လုံးဝတိတ်ဆိတ်နေပြီး ဥပေက္ခာပြုထားည်။ ရိပေါ်ကို ဖြစ်နိုင်ရင် ဒီကနေ အဝေးဆုံးကိုခေါ်ထုတ်သွားချင်လိုက်တာ ဒီမြေကနေ အဝေးဆုံးကို ။ သူတို့ကို ဘယ်သူမှမရှာနိုင်တဲ့
နေရာကို ။

ဟန်ဆောင်လက်ထပ်ခြင်းWaar verhalen tot leven komen. Ontdek het nu