" မနေ့က ရန်ဖြစ်တဲ့ထဲတောင် သူပါတယ်တဲ့ "

" ဪ ဟုတ်ပြီ ဟုတ်ပြီ "

မျက်မှန်ကိုင်းကိုပင့်တင်ပြီး ဆရာမဆီက ယူစရာရှိတာတွေယူကာ ဟီးဆွန်းဟျောင်းနဲ့
Film Major အဆောင်ဘက်ကိုထွက်လာခဲ့သည်။

ဟိုဘက်ကကောင်တွေက အဲ့လိုရေးပြီးတာလား
မရေးရသေးတာလားပဲ သူတို့ဆီကိုလာတာတော့မတွေ့

သူတို့အဆောင်ရဲ့ ကော်ရစ်တာမှာ လူတွေကလည်းရှုပ်နေသလို သူနဲ့ဟီးဆွန်းဟျောင်း သွားတော့ သူတို့ကိုပဲ တကြည့်ကြည့်နဲ့

" ဩဇီသားကို ငါ့ထက်ပိုကြိုက်နေကြတာပဲ "

" မပြောင်နေနဲ့ဟျောင်း ကျွန်တော် လူများရင် မနေတတ်လို့ "

" အင်းပါ "

ဆရာမရုံးခန်းမှာ ကိစ္စရှင်းပြီး
ဆရာမကလည်း သူတို့မေဂျာကကျောင်းသားတွေကိုသေချာထိန်းပါ့မယ် ဘာညာပြောနေတာကလည်း နားထောင်ရသေးသည် ။ ‌

ပြီးတော့ သူတို့ကို deli သမားများထင်နေသလားပဲ သူတို့ကျောင်းသားတွေရေးထားတဲ့ တောင်းပန်လွှာတွေကိုလည်း ပြန်ယူသွားပေးပါတဲ့

စာရွက်တွေကို ငုံ့ကြည့်ရင်း
လျှောက်ဖတ်မိတော့ film Major သမားတွေမို့ ပြေပြေပြစ်ပြစ် ရေးထားတာတွေ့ရပေမဲ့ တတိယမြောက်စာရွက်မှာရေးထားတာက တော့ တော်တော်ဆိုးသည် ။

ပြန်မထိုးခဲ့တာမဟုတ်ပေမဲ့ ကူညီရင်းအထိုးခံရလို့ မခံချင်စိတ်နဲ့ ပြန်ထိုးမိတာကြောင့်
50% တောင်းပန်ပါတယ် ပါမောက္ခ ခင်ဗျာ

- ပတ်ဆောင်းဟွန်း

ပါးစပ်ပင် ဟောင်းလောင်းဖြစ်သွားရလောက်အောင် Jake အံ့ဩမိပါသည် ။
သူသိတဲ့ပတ်ဆောင်းဟွန်းတော့ ဖြစ်စရာအကြောင်းမရှိလောက်ပါဘူး ဒီလောက်ဆို
လူမှားတာပဲဖြစ်မှာပါ ။
ဒါပေမဲ့ ဆွဲကြိုးကကျတော့ရော ?

စပ်စပ်စုစုနဲ့ စာရွက်‌ေတွလှန်ဖတ်နေတာ
သူ့ကို ဟီးဆွန်းဟျောင်းက အိတ်ကပ်ထဲက ပိုက်ဆံပြုတ်ကျခဲ့သလိုပဲ မေ့‌ပြီး သွားပြီထင်တယ်

Film Major ကလူတွေကြားထဲမှာ ယောင်လည်လည်နဲ့ လမ်းကလည်း မေ့သွားတာနဲ့
ခက်ပါပြီ

SUPPORT SYSTEM FOR LIFE [SUNGJAKE]✓Où les histoires vivent. Découvrez maintenant