🍒Finale (Unicode)🍒

Start from the beginning
                                    

"ခဏခဏအားနာနေရပေမဲ့ အရင်ကတော့
လူကြီးတွေသဘောမတူရင် Jiminနဲ့မဖြစ်မ
နေ ဝေးရမှာလို့တွေးထားခဲ့တာ"

"ကိုကိုက အဲ့လိုပဲဟာ"

သူ့အကြောင်းကောင်းကောင်းသိတဲ့ ကောင်
လေးက မဆိုင်းမတွပဲ ပြန်ပြောလာသည်။

အင်း... ထိုအတွေးနဲ့ပဲ သူ့မှာအိပ်ပျက်ညတွေ
များခဲ့ရသည်။ အကြီးတစ်ယောက်အနေနဲ့
ရော ၊ဘဝပေးအခြေအနေကြောင့်ရော Jimin
နဲ့ပတ်သက်လျှင် သူ့မှာ အစစအရာရာ ချိန်ဆ
တွေးတောနေရသည်ကများသည်။ အတွေး
ထဲမှာတောင် နီးစပ်ခွင့်မရှိခဲ့...။

မျိုးရိုးစဉ်ဆက် ပြည့်စုံစွာနေလာခဲ့ရတဲ့အပြင်
တစ်မိသားစုလုံးရဲ့ အသည်းနှလုံး အငယ်
ဆုံးကလေးလေး...။သူသာကောင်လေးရဲ့
မိဘနေရာမှာဆိုရင်လဲ ဒီလိုကလေးငယ်ကို
ဆွေမရှိမျိုးမရှိ၊ အညတရ တစ်ကောင်ကြွက်
တစ်ယောက်ရဲ့လက်ထဲ ကြည်ကြည်ဖြူဖြူ
ထည့်​ပေးလိုက်နိုင်လိမ့်မည်မထင်။

လူကြီးတွေသဘောမတူလို့ ဝေးကြတဲ့အခါ ခံစားရမည်က တနင့်တပိုးဖြစ်သလို ၊ တစ်
ချိန်ကျလို့ ကောင်လေးများ ဂုဏ်ရည်တူတဲ့
လူတစ်ယောက်ယောက်နဲ့ လက်ထပ်ဖြစ်ခဲ့ကြ
လျှင်လို့တွေးမိလိုက်တော့ သူ့မှာမခံမရပ်နိုင်
အောင် ပူလောင်ရသည်။

မမြင်ရတဲ့ အနာဂတ်က ထိုဂုဏ်ရည်တူသူနဲ့
လဲ သူ့မှာသဝန်တွေတိုနေရသေးသည်။အခု
ရနေတဲ့ Jiminဆီက အကြင်နာမေတ္တာတွေ
က သူ့အတွက်မဟုတ်တော့ဘဲ တခြားလူအ
တွက်ဆိုတာမျိုးအထိ တွေးကြည့်မိတော့
ရူးမတတ်ပင်။ ဒီလိုလဲ တစ်ယောက်ထဲ သဝန်
တို၍ ပူပန်နေချင်စရာကောင်းလောက်အောင်
ပင် အနွေးဓာတ်ကလေးက စွဲမက်ချင်စရာ
ကောင်းနေသေးသည်။

"ကိုကို့ကိုမှ လက်မထပ်ရရင် ကျွန်တော်တော့
သေရမယ်ထင်ပါတယ်ဗျာ" ဟူ၍ ရွှတ်နောက်
နောက်ပြောတတ်သည်က Jiminဖြစ်သော်
လည်း ကောင်လေးနဲ့လက်မထပ်ရလို့ သွေးရူး
သွေးတန်းဖြစ်ရမည်က သူကိုယ်တိုင်ပဲဖြစ်
သည်။

Jiminကို ကာကွယ်စောင့်ရှောက်ချင်သည့်
စိတ်ရဲ့တစ်ဖက်မှာ Jiminဆီကပြုစုယုယမှု
နဲ့ လုံခြုံနွေးထွေးမှုတို့ကိုမျှော်လင့်တောင့်တ
နေမိသော Jiminအပေါ်မှီခိုချင်သည့်စိတ်က
လဲ အပြည့်ဖြစ်နေသည်။Jiminနားမှာနေရ
တာ လုံခြုံနွေးထွေးလွန်းလှတယ်။

Unconditional LoveWhere stories live. Discover now