Special Extra-1(Surprise!!)

Start from the beginning
                                    

အိမ်ထဲမဝင်သေးပဲ ခေတ်ခေတ်ကနေရှင်းလက်
ကိုဆွဲပြီးသူမုန့်စားဖို့ကိုပဲပြောနေသည်။မောင့်ရဲ့
အလှော်ကောင်းမှုကြောင့် ဒေါ်လေးနွယ်ကအိမ် အပေါက်ဝကနေ ခါးထောက်ကာလှမ်းအော်တော့သည်။မောင်ကလည်း ဒေါ်လေးနွယ် အနောက်မှ
နေ၍ မျက်နှာလှမ်းပြောင်ပြနေလိမ့်မည်။

"မင်းခေတ်သွန်း အိမ်ထဲမဝင်သေးပဲနေရှင်းကို
ဘာတွေရစ်နေတာလဲ"

"ဟုတ်ကဲ့ဝင်တော့မှာမာမားရဲ့။အစ်ကိုနေရှင်းက
မုန့် စားချင်လို့တဲ့လေ။အဲ့ဒါခေတ်ခေတ်က စားလို့
မရဘူးလို့ပြောပြနေတာပါ။လာလာအစ်ကိုနေရှင်းက လိမ္မာတယ်နော် ခေတ်ခေတ်ပြီးမှဝယ်ကျွေး
မယ်ဟုတ်ပြီလား"

"ဟမ် အော်အေးအေး"

နေရှင်းမှာ ကြောင်တောင်တောင်နဲ့ခေတ်ခေတ်ဆွဲခေါ်ရာနောက် ပါသွားတော့သည်။

"မာမား မုန့်ဖိုးပေးလို့ရပြီနော်။ပြီးတော့လေ
အစ်ကိုနေရှင်းက အဲ့ပစ္စည်းထုပ်ဘေးကမုန့်လေး
ကိုစားချင်နေတာ ကျွေးလိုက်ပါဦး"

"ခေတ်ခေတ် ငါနင့်အကြောင်းမသိရင်ခက်မယ်။နေရှင်းကိုအကြောင်းပြမနေနဲ့ စားချင်ရင် သည်းခံပြီးစောင့်နေ။ငါ ဘုရားဆွမ်းတော်ကပ်ဦးမှာ။မုန့်ဖိုးတစ်ထောင်တော့ရမယ် မယူချင်ရင်လည်းမယူနဲ့"

"တစ်ထောင်လည်းနည်းလား ယူမှာပေါ့အလကား
ရတာကြီးကို"

"သူက ငါးဆယ်ပေးရင်တောင်ယူမှာ"

"မောင် မင်းကလည်းကွာ ကလေးကိုမစပါနဲ့တော့"

"ကိုကို့စကားကိုနားထောင်မယ်။ပြီးရင်မောင့်စကားကိုလည်း ကိုကိုကနားထောင်ပေးရမယ်ဟုတ်ပြီလား"

"အော် ခက်ပါဘိ။အစ်ကိုနေရှင်းရေ မေမေသီတို့
ဆီသွားကြရအောင် မြန်မြန်ထ။အညှီအဟောက် တွေ။ဪ တဏှာ တဏှာ"

ခေတ်ခေတ်က မောင့်ကိုစောင်းပြောရင်း ထသွား
တော့သည်။ဒေါ်လေးနွယ်လစ်တုန်း မုန့်ခိုးစားဖို့ကိုလည်းမမေ့။ကိတ်မုန့်တုန်းက creamတွေဆိုလက် နှစ်ဖက်မှာ ပေလို့။

ကားတစ်စီးထဲနဲ့ မောင်တို့လေးယောက်သားစုသွားကြသည်။မောင်က ကားနောက်ခန်းမှာကိုကိုနဲ့အတူတူထိုင်သည်။နေရှင်းက ကားမောင်းရပြီး
ခေတ်ခေတ်က ခိုးလာတဲ့မုန့်တွေကိုစားနေတုန်းပင်။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now