Chapter-56

13.1K 1.1K 29
                                    

Unicode

ပျော်ရွှင်ခြင်းသည် သူနှင့်သာဆိုလျှင်
ပို၍ပင် အသက်ဝင်​၏............။

***********

ရေပြင်တွေက တလက်လက်။
အေးမြတဲ့လေထုတွေက လွှမ်းခြုံလို့
သဘာဝအလှတရားက သာယာ၊ကြည်နူး
စရာတွေပါပဲ။အပန်းဖြေခရီးစဉ်ကို ထွက်လာ
ခဲ့ကြတာဖြစ်သည်။ရှမ်းပြည်နယ်တောင်ပိုင်းနဲ့
ကယားပြည်နယ်ရဲ့ နယ်စပ်မြို့လေးဖြစ်တဲ့
ဖယ်ခုံမြို့မှာရှိတဲ့ ဖယ်ခုံအင်းမှာ Houseboat
စီးနေကြတာပင်ဖြစ်သည်။

​"ကိုကိုပျော်နေတာကို ကြည့်ခွင့်ရတော့
မောင်က ကံကောင်းတယ်"

မျက်ဝန်းတို့ထဲ မြတ်နိုးမှုအထင်းသားတို့
မြင်တွေ့နေရတော့ မောင့်မျက်နှာကိုလည်း
ထိတွေ့မိသည်။နဖူးပြင်၊မျက်ခုံးတန်းနက်နက်
တွေ၊နှာတံစင်းစင်း၊ပြီးတော့ မောင့်နှုတ်ခမ်း၊
အစိတ်ပိုင်းတစ်ခုခြင်းစီကို ထိတွေ့နေမိတာမျိုး
ပင်ဖြစ်သည်။နောက်တော့ မှိတ်ကျသွားတဲ့
မောင့်မျက်ခွံတွေကို နမ်းတော့ မောင်ကပြုံးသည်။

"ပြီးတော့ ဒီနှုတ်ခမ်းရော"

ဖိရုံလေး ထိထိမိမိနမ်းတော့ တဖြည်းဖြည်း
ပွင့်လာတဲ့ မောင့်မျက်ဝန်းတွေ။ဒါကို
မလွတ်တမ်းငေးစိုက်ကြည့်မိခဲ့တာပဲ။
မျက်ဝန်းအိမ်နက်နက်တို့ထံမှ ရုန်းထွက်ဖို့
ခက်သည်။ကြာကြာစိုက်ကြည့်ရဲလားဆိုလျှင်
လည်း မကြည့်ရဲပါ။မောင့်အကြည့်စူးစူးတွေက
လူကို ညှို့ငင်နိုင်သလား။

"ဒီဖယ်ခုံမြို့က ရေမျက်နှာပြင်ထက်၂၉၅၀ပေ
မြင့်ပြီးတော့ ရိုးမတောင်တန်းတွေကြားမှာရှိတဲ့
မြို့လေ။ဖယ်ခုံအင်းက ရေလမ်းကြောင်း
အရှည်မိုင်၃၀နဲ့အကျယ်၅မိုင်ကျော်အထိ
ရှိတယ်ဆိုလားပဲ။
လူသွားလူလာတော့နည်းသေးတယ်။
တောင်ပေါ်ပင်လယ်မြို့ဆိုပြီးတော့တောင်
တင်စားခေါ်ဝေါ်ကြတယ်တဲ့"

မျက်နှာတည်တည်နဲ့ပြောပြနေတဲ့ မောင့်ကို
မေးထောက်ကြည့်ရင်း မောင်ပြောတာကို
လည်း နားထောင်သည်။ဒါကိုမောင်က
မြင်တော့ ပါးကို ဖွဖွဆွဲလာသည်။

"နေရှင်းတို့ဆီ သွားရအောင်"

နှစ်ယောက်သား အပေါ်ကိုတက်သွားတော့
နေရှင်းက ခေတ်ခေတ်ကို ဓာတ်ပုံရိုက်ပေး
နေတာဖြစ်သည်။ကိုကို့ကိုတွေ့တော့
ခေတ်ခေတ်က လှမ်းခေါ်လာသည်။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now