Part(17)🚨

Mulai dari awal
                                    

အကြောင်းပြချက်ကိုတော့ သူအသိဆုံးနေမှာပေါ့။
ကျောင်းကပြန်လာတဲ့စစ်ကျွေးကတော့ မတ်တပ်
ကြီးရပ်ပြီးပြုံးနေတဲ့ သူ့အကိုကြီးကြောင့် ကြောင်စီစီနဲ့။

သူ့အကိုလက်လေးကိုဆွဲလိုက်တော့။ သူကိုလှည့်
ကြည့်လာတဲ့ရှိချန်း။

"ကျောင်းကပြန်လာပြီပေါ့ စာလိုက်နိုင်လားစစ်
ကျွေးလေး"

"ဟုတ်လိုက်နိုင်ပါတယ် အကိုကြီး ဒါနဲ့ခုနကဘာ
တွေသဘောကျပြီး ပြုံးနေတာလဲ"

ရှိချန်းကစစ်ကျွေးအမေးကိုကြားတော့ ခုနကအပြုံး
တွေထက် ပိုတောက်ပတဲ့အပြုံးတွေနဲ့ထပ်ပြုံးနေ
သေးတယ်။ ငါ့အကိုပျားရည်အိုးထဲ မှောက်ချလာ
တာလား?

ရှိချန်းကောင်းလေးတချက်ခါလိုက်ပြီး သူ့ညီလေး
ရဲ့ခေါင်းကဆံပင်တွေကို ဆွဲဖွလိုက်တော့တယ်။

"ကလေးတွေ သိစရာမလိုသေးဘူး နောက်ကျစစ်
ကျွေးလေးနားလည်လာလိမ့်မယ်"

ပြောပြီးထွက်သွားတဲ့သူ့အကိုကျောပြင်ကိုကြည့်
ရင်း စစ်ကျွေးပိုရှုပ်သွားတယ်။ ငါ့ကိုဘာတွေပြော
သွားတာလဲ?

[Sam-ကလေးတွေသိစရာမလိုဘူးဆိုပဲ အကိုရှိ
ချန်းဘာတွေသဘောပေါက်နေလဲ 🌚🌚🌚]

အဟန့် ကလေးတွေမဖတ်ရပါ warnningပါးပါးလေးနော်😎😎😎
🗾🗾🗾🗾🗾🗾🗾🗾🗾🗾🗾🗾🗾🗾🗾

ဝေရင်းကိုအပေါ်ထပ်ထိဆွဲခေါ်လာပြီး ဝေရင်းအ
ခန်းထဲရောက်တဲ့အထိ သူလက်တို့ကမလွှတ်သေး
ပါ။ ဝေရင်းလည်း အတော်လေးနာကျင်လာတာမို့
သူ့လက်ထဲကရုန်းရင်းပြောမိသည်.....

"လန်....လန်ကျန် ကျနော့်လက်ကိုလွှတ်ပေးပါ
နော် ကျနော်လက်နာနေပြီ"

သူ့အသံကြားလိုက်တော့ သူ့ကျနော်ဘက်ကို
လှည့်လာတယ်။ ကျနော်ကလည်း လက်ကိုအတင်း
ရုန်းနေတော့။ သူကျနော်ကိုအားနဲ့လှမ်းဆွဲလိုက်
တော့ ကျနော်ကိုယ်လေးက သူ့ရင်ခွင်တည့်တည့်
သို့.......

ထိုခဏတာမှာကျနော်အချိန်တွေရပ်တန့်သွားမိ
တယ်။ သူ့ရင်ခွင်နွေးနွေးကနေလို့အရမ်းကောင်း
တာပဲ ခဏတာလုံခြုံသွားသလိုပဲ။ တဆက်တည်း
မှာ အခုန်မြန်လာတဲ့သူ့နှလုံးသားတစ်စုံ။

Stop  S-1(Completed)Tempat cerita menjadi hidup. Temukan sekarang