Chapter 1.2

7.4K 883 2
                                    

            Betrayed by friends

Zawgyi

Cheng Yang ဟာ နှစ်တစ်ဝက်လောက်သူစုဆောင်း
ရှာဖွေထားသမျှကို ၇ရက်ကြာဒီဇိမ်ခံသင်္ဘောခရီး အတွက် ဝယ်ယူလိုက်ခြင်းဖြစ်သည်။
Cheng Yang သည် ထိုစားသောက်ဆိုင်အသေးလေးနဲ့ ticket ထဲမှာပါရှိတဲ့
ဟင်းပွဲတွေကို နှိုင်းယှဉ်ကြည့်နေသည်။ သဘောင်္ပေါ်မှာရှိတဲ့အရာတွေက ကုန်းပေါ်မှာရှိတဲ့အရာတွေထက် ပိုဈေးကြီးသည့်အတွက်
တချို့နေရာမှာသုံးမဲ့အထဲမှ ချွေတာလိုက်လျှင် အလဟသ
ဖြစ်စရာအကြောင်းမရှိဟု သူတွေးလိုက်သည်။
"ဒီဆိုင်လေးကြည့်ရတာ အခြားဘေးမှာရှိနေတဲ့ ဆိုင်ကြီးတွေထက် ပိုအဆင်ပြေမဲ့ပုံ ပိုဈေးသက်သာမဲ့ပုံ"ဟု ယူဆလိုက်သည်။အစားအသောက်တွေ အရသာရှိမရှိက အရေးမဟုတ် ပိုက်ဆံတွေကုန်သွားပြီး သူ့အသည်းလေး
မကွဲဖို့က အရေးကြီးသည်။

Cheng Yang ချိတုံချတုံ ဖြစ်နေတုန်းမှာဘဲ နောက်သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Song Peng Cheng ကသူ့ပခုံးကို ဆုပ်ကိုင်လိုက်ပြီး ဟင်းပွဲတစ်ခုကိုပြသည်။

internet ပေါ်မှာပြထားတဲ့ ဒီဆိုင်ရဲ့ ဟင်းပွဲတွေက အရမ်း အရသာရှိပြီး ဈေးတော့ အနည်းငယ် ကြီးသည်။ ဒါပေမဲ့ ဒီနေ့ဘဲဝယ် စားပြီး နောက်နေ့ကစပြီး အလကားစီစဉ်ပေးတဲ့အစားအစာတွေဘဲ စားတော့မယ် ဟု ပြောလိုက်တော့ သူ့သူငယ်ချင်း နှစ်ယောက်ကလည်း
သဘောတူသည်။အဲ့လိုနဲ့ သူတို့သုံးယောက် စားသောက်ဆိုင်ထဲ ဝင်ခဲ့ပြီး ထင်သာမြင်သာရှိပြီး View ကောင်းကောင်း ဝိုင်းတွင်ထိုင်လိုက်ကြသည်။
Cheng Yang သည် ထိုင်ခုံပေါ်ထိုင်ပြီးပြီးချင်း တခုခုထူးဆန်းသလို ခံစားလိုက်ရသည်။တစ်ယောက်ယောက်က သူ့ကို စိုက်ကြည့်နေသလိုမျိုး
Cheng Yang မျက်မှောင်ကြုံ့ကာ အနောက်လှည့်ကြည့်လိုက်တော့ သူ့ကို မသက်မသာ ဖြစ်စေတဲ့ အကြည့်ကိုမတွေ့။

စပ်စုတဲ့မျက်လုံးတစ်စုံကတော့ အေးစက်စက်မြွေတစ်ကောင်ကဲ့သို့ Cheng Yang ဆီကပ်တွယ်နေခဲ့သည်။
Cheng Yang မသက်မသာစွာနဲ့ထိုင်ခုံပြောင်းထိုင်လိုက်တယ်
မျက်နှာချင်းဆိုင်က Li Ye ကသူစိတ်ရှုပ်နေတာ မြင်တော့ ဘာဖြစ်လို့လဲ ဟုမေးသည်။ Cheng Yang ကတော့ ခေါင်းရမ်းပြီး ဘာမှမဟုတ်ဘူး ဟုဖြေသည်။
ထို့နောက်သူ စားပွဲပေါ်ကလက်ဖက်ရည်ခွက်ကိုယူပြီး
သောက်လိုက်သည်။ မျက်နှာချင်းဆိုင်က သူ့သူငယ်ချင်းနှစ်ယောက်က သူ့ကို ထူးဆန်းတဲ့ အကြည့်တွေနဲ့ ကြည့်နေတာကိုတော့ Cheng Yang မသိလိုက်ပေ။ထို့နောက်  Cheng Yang ဘယ်ဘက်
ဘေးကို မထင်မှတ်မဲ့ကြည့်မိတော့ အကွယ်တစ်ခုနောက်က လူတစ်ယောက်ကလည်း သူ့ကို ကြည့်နေသည်။ပြီးတော့ ထိုလူက ကျီစယ်သော အပြုံးဖြင့် ပြုံးပြသည်။
ညစာစားနေတဲ့တစ်ချိန်လုံး Cheng Yang အဲ့ဘက်ကို
သတိထားနေမိသည်။သူကြည့်လိုက်မိတဲ့အချိန်တိုင်း
ထိုလူကလည်း သူ့ကို ကြည့်နေသည်။
အဲ့ဒါကြောင့် သူရဲ့ညစာက အရသာတောင် မသိလိုက်ရပေ သူ့သူငယ်ချင်းနှစ်ယောက်ကတော့ တစ်လျှောက်လုံး အရသာရှိစွာစားသောက်နေခဲ့ကြသည်။
လူတော်တော်များများက ခရီးထွက်ကြရင် ညကျဘယ်လိုတွေ ပျော်မယ် ကစားမယ်ဆိုတာတွေကို ဆွေးနွေးကြတယ်။ သူတို့သုံးယောက်ကတော့ ဘာမှဆွေးနွေးမနေ အိပ်ရန်သာဖြစ်သည်။
ဒါပေမဲ့ အခုကအိပ်ဖို့ရာ အရမ်းစောလွန်းနေတာကြောင့်
Song Peng Cheng က bar သို့သွားရန် အကြုံပြုလိုက်သည်။ သူတို့ လက်မှတ်တွေဝယ်ပြီးတော့ bar ရှိရာ အပေါ်ထပ်ဆီ တက်ခဲ့ကြသည်။
သင်္ဘောပေါ်မှာ bar တွေတော်တော်များများရှိသည်။
Cheng Yang ကအသောက်အစား သိပ်ဝါသနာမပါ
သဘောင်္လက်ရန်းကိုမှီပြီး အေးအေးဆေးဆေး
ပင်လယ်လေးအေးလေးတွေ ခံစားရတာပိုကြိုက်သည်။
ကျန်တဲ့နှစ်ယောက်ကလည်း Cheng Yang အကြောင်းကို သိပြီးသားမို့ သူတို့နှစ်ယောက်သာ bar ထဲဝင်သွားပြီး Cheng Yang ကို ကော်ရစ်တာ မှာချန်ထားခဲ့သည်။
ပင်လယ်လေအေးများ သူ့မျက်နှာကို ဖြတ်သန်းတိုက်ခိုက်နေပြီး Cheng Yang ကသူ့ခေါင်း
လေးကို စောင်းကာ ခံစားနေသည်။ထိုစဉ် သူ့နှလုံးသားလေးလည်း ငြိမ်သက်နေသည်။
ရုတ်တရက် သူ့အနောက်က ခြေသံတွေကြားလိုက်ရတော့ Cheng Yang အနောက်ကို လှည့်ကြည့်လိုက်သည်
Li Ye ရဲ့ အော်သံကို သူကြားတော့ နှုတ်ခမ်းထောင့်တွေ ကွေးသွားသည် သူပြုံးလိုက်ပြီး Li Ye ကိုကြည့်လိုက်သည် သို့သော် လူအုပ်ကြီးက Li Ye ကိုကွယ်နေသည်။ Cheng Yang မျက်ခုံးတွေ မြှင့်လိုက်ပြီး လူအုပ်ရဲ့ အလယ်ထဲက အရပ်ရှည်ဆုံး အချောဆုံး power အရှိဆုံးတစ်ယောက်ကို ကြည့်လိုက်သည် ။တစ်ဖက်ကလည်း Cheng Yang ကသူ့ကို ကြည့်လာမယ်လို့ မထင်ထားတဲ့ပုံဘဲ
အဲ့လိုနဲ့ဘဲ မျက်ဝန်းနှစ်စုံ ဆုံတွေ့သွားတယ်။
Cheng Yang သည် သူ့ကိုယ်သူတောင် မသိလိုက်ဘဲတစ်ဖက်လူ သူစိမ်းကို ပြုံးပြပြီး
တစ်ချိန်ထဲမှာဘဲ ခေါင်းငုံ့ပြပြီး ယဉ်ကျေးစွာနှုတ်ဆက်လိုက်သလို ဖြစ်သွားသည်။
အဲ့ဒီလူက အရမ်းချောမောလွန်းတယ် ဖက်ရှင်ကျတဲ့
ဝတ်စုံကိုလည်း ဝတ်ထားတယ် သူ့မျက်နှာမှာရှိတဲ့ အရေးအကြောင်းအနည်းငယ်ကိုတောင် မမြင်နိုင်လောက်တဲ့အထိဘဲ အဲ့ဒီလူရဲ့ မျက်ခုံးမွေးတွေက ထူပြီး ကျော့ရှင်းနေတယ် မည်းနက်နေတဲ့ မျက်ဝန်းတွေ
က မှောင်မည်းနေတဲ့ ရေအိုင်တွေအလား ကြည့်မိတဲ့
သူတိုင်း ဝိဥာဉ်တွေပါ ကပ်တွယ်သွားလောက်တဲ့ အထိဘဲ

His son has a richest billionaires dad(Myanmar Translation)Where stories live. Discover now