မေ့ဆေးရှိန်ကြောင့်လဲနေတဲ့jiminကိုကြည့်ပြီးtaehyungကစိုးရိမ်စွာဖြင့်

V.ဘာလို့အခုထိမနိုးသေးတာလဲ မင်းသုံးတဲ့မေ့ဆေးကတစ်နာရီပဲခံတာကောဟုတ်ရဲ့လား

Jungkook.ငါလည်းသေချာမသိဘူး အညွှန်းထဲမှာတော့တစ်နာရီလို့ရေးထားတာ...

ပြောလို့တောင်မဆုံးသေး jiminတစ်ယောက်နိုးလာသည်

Jungkook.ဟိုမှာနိုးပြီ

Jiminနိုးနိုးချင်းမှာပဲjungkookကိုဘုကြည့်ကြည့်လိုက်သည်

Jimin.ခွေးကောင်

Jungkook.ငါ့ကိုလာမပြောနဲ့ အဓိကတရားခံကငါမဟုတ်ဘူး

Jungkookပြောပြီးtaehyungဆီအကြည့်ပို့လိုက်သည်
Jungkookကြည့်တဲ့နေရာဆီjiminလိုက်ကြည့်လေသည် ထို့နောက်သူ့နှုတ်ခမ်းဆီမှ

Jimin.taehyung???

V.မှန်တယ်...ငါပဲ

Jimin.ဟက်...အစကတည်းကထင်သားပဲ...ဒါနဲ့ငါ့ကိုဘာလို့ဖမ်းထားတာလဲ

V.ဖမ်းထားတယ်ဆိုတာထက်...မင်းကိုအကူညီတောင်းမလို့

အကူညီတောင်းမလို့?

Jimin.မကူညီနိုင်ဘူး...ခုချိန်မင်းဘာတွေးနေလဲဘာလုပ်ချင်နေတာလဲဆိုတာငါအားလုံးသိတယ် ငါဦးကိုအဲ့လိုအဖြစ်ခံမှာမဟုတ်ဘူး

Jiminပြောတော့taehyungသူ့ခေါင်းကိုငုံ့ထားသည် မျက်လုံးတွေကသူ့ခြေထောက်ကိုပဲတစိုက်မတ်မတ်ကြည့်နေလေရဲ့ ထိုပုံစံအတိုင်းအချိန်တစ်ခုကြာတဲ့အထိနေပြီးတဲ့အချိန်မှာတော့

Jimin.မင်းဘာမှမပြောတော့ဘူးဆိုရင်ငါ့ကိုလွှတ်...

Jiminအံသြသွားသည် သူ့ရှေ့မှာtaehyungတစ်ယောက်ဒူးထောက်ထိုင်နေသည်

V.အကူအညီတောင်းပါတယ်...jimin..naa
တစ်ခုလောက်ပဲ...တစ်ခုလောက်ပဲကူညီပေးပါ...ငါလေ...ဦးဒီလိုတွေနေရတာကိုမြင်တော့ငါ့နှလုံးသားပေါက်ထွက်မတတ်နာကျင်ရတယ်..ငယ်ငယ်ကတည်းကခြေမွှေးမီးမလောင်လက်မွှေးမီးမလောင်နေခဲ့တဲ့ဦးကတခြားလူအတွက်အလုပ်လုပ်ပေးနေရတာကိုမြင်ရင်ငါသေမတတ်ခံစားရတယ်...ဒါကြောင့်...ဒါကြောင့်ငါ့ကိုဒီတစ်ခုလေးပဲကူညီပေးပါနော်

Final Result (TaeJin)Where stories live. Discover now