​ကျောင်းဆင်းခါနီး​တော့ ယယ်ဂျင်းအတန်း​ရှေ့သွား​စောင့်ရင်း အကျိုးအ​ကြောင်း ​ပြော​တော့ ပူပန်စိတ်နဲ့အတူ မဆိုင်းမတွဘဲ ထယ်​ယောင်းနဲ့ ​တွေ့ချင်ပါတယ်ဟု ယယ်ဂျင်းက ဆိုလာသည်။ ယယ်ဂျင်း ​တောင်းဆို​တော့ ဂျီမင်းက ဖြည့်ဆည်း​ပေးရသည်။ ယယ်ဂျင်း အဆင်​ပြေမယ်ဆို ဂျီမင်းက အနစ်နာခံရလည်း ​ပျော်​ပျော်ပါပဲ။

​​ခပ်လှမ်းလှမ်း​က ဆန်ပြုတ်ဆိုင်​ရှေ့​ရောက်​တော့ ဂျီမင်း ကားကို လမ်း​ဘေးချရပ်ပြီး ဆင်း၀ယ်ဖို့ပြင်သည်။ ​

"ယယ်ဂျင်း ခဏ​စောင့်​နော်"

ဂျီမင်း ကား​ပေါ်ကဆင်းပြီး ဆိုင်ထဲလှမ်းအကဲခတ်ကြည့်​တော့ လူသိပ်မများတာ​ကြောင့် စိတ်သက်သာရာရသွားသည်။ ​ကျောင်းဆင်းချိန်မို့ လူများပြီး ယယ်ဂျင်း​စောင့်​နေရမှာစိုးသည်။ လက်မနဲ့ လက်ညှိးထိပ်ကို ကုတ်ခြစ်​နေတဲ့ ပုံကိုကြည့်ရင် ယယ်ဂျင်း ဘယ်​လောက် စိတ်​လော​နေမှန်း ဂျီမင်း ခန့်မှန်းမိသည်။ ရဲတက်​နေတဲ့ လက်ထိပ်က​လေး​တွေမြင်​တော့ ဂျီမင်း ရင်ထဲကလည်း ဆစ်ခနဲ ဆစ်ခနဲ။ ​စာ​မေးပွဲ​အောင်ဖို့​တောင် ဆုမ​တောင်းတတ်တဲ့ ဂျီမင်းက ဆန်ပြုတ်မြန်မြန်ရဖို့ကို​တော့ လက်နှစ်ဖက်ယှက်ရင်း ဆု​တောင်းရ​သေး။ ကြာသွားရင် ယယ်ဂျင်း လက်က​လေး​တွေ ဒဏ်ရာရမှာစိုးလို့​လေ။

ဂျီမင်းကို ​စောင့်​ရှောက်တဲ့ နတ်သိကြား​တွေက သ​ဘော​ကောင်းသည်ထင်သည်။ ခဏအတွင်းမှာပဲ မှာထားတာရလာတဲ့အခါ ဂျီမင်းက ​ဆိုင်ရှင်ကို ကျေးဇူးစကား အခါခါဆိုရင်း ကားဆီ ခပ်သွက်သွက်​ပြေးလာခဲ့သည်။ ကား​ပေါ်​ရောက်​တော့ ထင်ထားတာထက် ပိုမြန်မြန်​ရောက်လာလို့ ယယ်ဂျင်းက ​ကျေနပ်ပြုံးနဲ့ တုံ့ပြန်တဲ့အခါ ဂျီမင်း ရင်ထဲ စမ်း​ချောင်း​လေး ဖြတ်စီးသွားသည်။

အကွာအ​ဝေး​တွေကိုသာ နှုတ်လိုက်ရင် ချစ်ခြင်းတရား​တွေက ​ပျော်ရွှင်ဖွယ်ပါ~

ထယ်​ယောင်း တိုက်ခန်းဆီ​ရောက်​တော့ ယယ်ဂျင်း​ခြေလှမ်း​တွေကပဲ မြန်​နေတာလား ဂျီမင်း ​ခြေလှမ်း​တွေကပဲ ​မသိမသာ ​နှေးသွားလားမသိ။ ဂျီမင်းက ယယ်ဂျင်း အ​နောက်မှာကျန်ခဲ့သည်။ ဓါတ်​လှေကားက အထပ်တစ်ထပ်​ရောက်တိုင်း တိုးသွားတဲ့ ဂဏန်း​တွေကို ကြည့်ရင်း ဂျီမင်းရဲ့ တိတ်တခိုး ချရတဲ့ သက်ပြင်းအ​ရေအတွက်လည်း စိတ်လာ​လေ။ ​ပြောင်းသွားတဲ့ တိုက်ခန်း လျှို့ဝှက်နံပါတ်ကို ယယ်ဂျင်းအတွက် ဖွင့်​ပေးရတဲ့အခါ ဂျီမင်းလက်​တွေက တုန်တုန်ယင်ယင်။ ဒီတံခါးကို ဖြတ်သွားပြီးတဲ့အခါ တစ်​ယောက်သူက သူချစ်တဲ့သူရဲ့ ရင်ခွင်ထဲ​ရောက်ပြီး တစ်​ယောက်က အပြီးတိုင် ကျန်ရစ်ခဲ့ရတဲ့သူဖြစ်မှာ။ ကျန်ရစ်ရမယ့်သူဟာ ဂျီမင်းကိုယ်တိုင် ဖြစ်​နေတဲ့အခါ ကိုယ့်ဆုံးဖြတ်ချက်အတွက် မချင့်မရဲဖြစ်မိ​လာ​လေပါပဲ။ စိတ်ထဲမှာ ကြိုတင်ပြင်ဆင်ပြီးသား​ပေမယ့် တကယ်တမ်းကြုံရတဲ့အခါ နှ​မြောတဿစိတ် ဖြစ်ရပြန်သည်။

In a Long DreamOù les histoires vivent. Découvrez maintenant