"ဂျီမင်း"

"ဟင်"

တစ်​လျှောက်လုံး ငြိမ်​နေတဲ့ ယယ်ဂျင်းက ရုတ်တရက် ​ခေါ်လိုက်တာမို့ ဂျီမင်းလည်း ကပြာကယာပင် ထူးလိုက်သည်။

"သူ့အတွက် တစ်ခုခု ၀ယ်သွားချင်တယ် ဆန်ပြုတ်ဖြစ်ဖြစ်"

"အင်း ရတယ်​လေ ​ရှေ့နားမှာ ဆန်ပြုတ်ဆိုင်ရှိတယ် ဆင်း၀ယ်​ပေးမယ်"

"မနက်က​ရော သူဘာစားလဲ"

"ကျွန်​​တော် ​ကျောင်းမလာခင် သူ့ဆီ၀င်ပြီး အိမ်ကလုပ်​ပေးလိုက်တဲ့ စွပ်ပြုတ်၀င်​ပေးခဲ့တယ် ​သောက်လားမ​သောက်လား​တော့မသိဘူး"

မ​နေ့က ​ယိုင်ထိုး​နေ​အောင် မူး​နေ​တဲ့ ထယ်​ယောင်းကို ဂျီမင်းက အိမ်တိုင်ရာ​ရောက် လိုက်ပို့​ပေးခဲ့ရသည်။ ​မမူးဘူး တွင်တွင်​ပြောရင်း ခြေလက်​ဆေးဖို့ဆိုကာ ​ရေချိုးခန်းထဲ ၀င်သွားပြီး ​တော်​တော်ကြာတဲ့အထိ ထွက်မလာလို့ ဂျီမင်း ၀င်ကြည့်​တော့မှ ​​ရေ​တွေဖွင့်ပြီး ရေပန်း​အောက်မှာ ​ငုတ်တုတ်ထိုင်​နေတဲ့ ထယ်​ယောင်းက အသိစိတ်လွတ်​နေသလို။ နဂိုတည်းက စိတ်ပင်ပန်းရင် ဖျားတတ်တဲ့ ထယ်​ယောင်းက အ​အေးပက်တာပါ​ပေါင်းပြီး အပြင်းဖျား​တော့သည်။ ​ဆေးတိုက်ပြီး ထယ်​ယောင်းကို ​စောင့်အိပ်​ပေးပြီးမှ မနက်​စော​စော ထပြန်ပြီး အ​မေ့ကိုပါ စွပ်ပြုတ်ပြုတ်ခိုင်းရသည်။ ထယ်​ယောင်းအိမ်အ​ခြေအ​နေသိတာ​ကြောင့်​ရော ထယ်​ယောင်းကြိုက်မှာ မဟုတ်မှန်းလည်း သိတာ​ကြောင့်ပါ ဂျီမင်း ထယ်​ယောင်း မိဘ​တွေဆီ မဆက်သွယ်​တော့။ ထယ်​ယောင်း အဖွား ဖုန်းနံပါတ် ရှိ​ပေမယ့်လည်း အသက်ကြီးတဲ့သူမို့ ဒုက္ခလည်းမ​ပေးချင်။ အစိုးရိမ်လည်းမပို​စေချင်။ ပြီး​တော့ ထယ်​ယောင်း အဖျားတက်ပြီး က​ယောင်ကတမ်း​တွေ​ပြောတဲ့ အချိန်မှာလည်း မိသားစု​တွေနာမည်မပါခဲ့။ တစ်​ယောက်​သောသူရဲ့ နာမည်သာ​ခေါ်ရင်း ​တောင်းပန်​နေခဲ့သည်။

စာ​မေးပွဲနီး​နေတာ​ကြောင့် အတန်းကလည်း လွှတ်လို့မဖြစ်​တော့ ဂျီမင်း​ ကျောင်းလာရသည်။ စာသင်ခန်းထဲ ထိုင်​နေ​ပေမယ့် စိတ်​တွေက​ပြေးလွှားလို့သာ ​နေခဲ့သည်။ ယယ်ဂျင်းကို ထယ်​ယောင်းဆီ ​ခေါ်သွားဖို့ သင့်မသင့်ကို အပြန်ပြန်အလှန်လှန် စဥ်းစားရသည်။ တစ်ညလုံး အဖျားတက်ရင်း ယယ်ဂျင်းကိုပဲ တ ​နေတဲ့ ထယ်​ယောင်းကိုလည်း သနားသည်။ ယယ်ဂျင်းကို အမြဲတမ်း အကွယ်က​နေ ​ငေး​နေခဲ့တဲ့ ဂျီမင်းက ယယ်ဂျင်းရဲ့ ၀မ်းနည်းမှု​တွေကိုလည်း ရိပ်စားမိသည်။ ယယ်ဂျင်း မျက်နှာညှိုး​နေ​တော့ ဂျီမင်းလည်း မ​ပျော်။

In a Long Dreamحيث تعيش القصص. اكتشف الآن