ကြွေလွင့်ခဲ့ရသောချယ်ရီပွင့်(အပိုင်း-၁)

1.1K 100 55
                                    

(Unicode)

"ဝွားးး အင်းးးး ဟင်!! မင်း...မင်း ဘယ်သူလဲ"

ချယ်ရီပန်းတွေအလယ်တွေသူ့အိပ်ရာသူ့ဘေးတွင်ထိုင်နေသော၅နှစ်အရွယ်ကလေးတစ်ယောက် ဝတ်ထား
တဲ့ဝတ်စုံကိုကြည့်ရင်လည်းhanbokကြီးနဲ့

"မင်းဘယ်သူလဲလို့မေးနေတယ်လေ အ့"

ထိုအချိန်အလင်းတန်းကြီးတစ်ခုထွက်လာသည် ထို
အလင်းတန်းကြီးကစူးနေတာကြောင့်သူမျက်လုံးအစုံကိုမှိတ်လိုက်သည်။

"အင်းးးးးး"

ဆိုတဲ့အသံကြားလို့သူကြည့်လိုက်တော့သူဘေးတွင်ထိုင်နေတာကလေးမဟုတ်တော့ဘဲ သူ့အရွယ်ကောင်
လေးတစ်ယောက်ပင် ပြီးထိုကောင်လေး၏ခန္ဓာကိုယ်
တွင်အဝတ်နှင့်တူသည့်အရာဆိုဘာမျှမရှိချေ တွေး
ကြည့်မယ်ဆို မဂ်လာဦးညလိုမျိုး အမလေး ကြက်သီးပါထတယ်။

"Ya! မင်းအခုချက်ချင်းအကျီသွားဝတ်"

"ဘာလဲဗျ"

"အကျီ သွားဝတ်လို့ မြန်မြန်"

သူအဲ့ကောင်လေးကိုတောင်မကြည့်ရဲပေ ထိုကောင်
လေးကိုကြည့်လိုက်ရင်အဲ့ပုံစံနဲ့သူ့ကိုကြောင်ကြည့်နေသည်။

"အကျီကဘာလဲဟင်"

"အကျီတောင်မသိတာလား ထားလိုက် ငါ..ငါပဲသွား
ယူပေးမယ်"

ပြောမရတဲ့အဆုံးသူပဲထယူပေးလိုက်ရသည် အဲ့တာ
တောင်ထိုကောင်လေးကအဲ့ပုံစံအတိုင်းသူ့နောက်ကနေလိုက်လာသည်။

"အားးး မင်း ဘာ...ဘာလို့အဲ့တိုင်းဆင်းလာရတာလဲ
မင်းအောက်ပိုင်းကိုစောင်နဲ့ပဲဖြစ်"ပတ်ထားလေကွာ"

"ဗျာ"

"ဟာ အမေကယ်ပါ ဘယ်လိုလူနဲ့တွေ့နေတာလဲ စောင်ပတ်ထားလို့ မင်းအောက်ပိုင်းကို"

ကြောင်တောင်တောင်ကြည့်နေတဲ့ကောင်လေးကိုသူပဲစောင်ပတ်ပေးလိုက်ရသည်။

"ရော့ ဒီမှာ မင်းဖို့အကျီ"

"ဘာကြီးလဲဗျာ အဲ့ဟာကြီးက"

"မင်းဒီအရွယ်ရောက်နေပြီ အကျီကဘာဆိုတာမသိ
တာလား"

"ဟုတ်"

ကြွေလွင့်ခဲ့ရသောချယ်ရီပွင့် Where stories live. Discover now