"ထားပါ Andelina သူကမိတ်ဆက်ပေးမယ်ဆိုတဲ့ သူဘဲ Jung Hoseokတဲ့"

"nice to meet you Mr.Jung Hoseok ! I'm living in the United States, so I'm sorry I do not speak Korean very well"(တွေ့ရတာဝမ်းသာပါတယ် Mr.Jung Hoseok ကျွန်မက အမေရိကန်မှာနေတော့ ကိုရီးယားလိုကောင်းကောင်းမပြောတက်လို့ sorryပါ)

"it does not matter!nice to meet you too"
(ကိစ္စမရှိပါဘူး တွေ့ရတာဝမ်းသာပါတယ်)

"Wow! You can speak English very well"
(အင်္ဂလိုကောင်းကောင်းပြောတက်တာဘဲ)

ဟွန်းဒါပေါ့ပြောတက်တာပေါ့ဘယ်သူမှတ်လို့လဲJung Hoseokလေ

"Jone ! Let's talk about work"
(Jone အလုပ်ကိစ္စပြောရအောင်)

လူကိုမိတ်ဆက်ပေးဖို့ခေါ်ပြီးအလုပ်ကိစ္စပြောနေကြတာဘာသဘောလဲ ဟိုမိန်းမကလဲ တJoneထဲJoneနေတာ ဘာမှန်းကိုမသိဘူး မဲ့ပြုံးပြုံးလိုက်ပြီး ပန်းကန်ထဲကsteakကိုလှီးပြီး ဘေးနားကကောင်မလေးကိုခွံ့ကျွေးလိုက်တယ် ထိုးထည့်လိုက်တာဆိုပိုမှန်မယ် လူကစိတ်မကြည်တော့ဘူး စူပုတ်လာပြီ ဘဲကြီးကိုကြည့်တော့ ပြန်ကြည့်နေတာ ဟွန့်မှတ်ပြီလား

"So,Jone အခုအသစ်ထုတ်မယ့်designပိုင်းကို Tiger logo ကိုသုံးရင်ရော ဒါကအသုံးများကြပေမယ့် အခုထုတ်မယ့်ပုံစံနဲ့ဆို လုံးဝကွက်တိဘဲနေမှာ ဘယ်လိုလဲ မကောင်းဘူးသား"(Englishလိုပြောတာလိုမြင်ပေးပါ☺️)

"ကောင်းသားဘဲ Andelinaအဆင်ပြေသလို လုပ်လေ"

"မကောင်းဘူး"

Hoseokမကောင်းဘူးပြောမှ သူတို့ဘက်လှည့်လာတဲ့ ဘဲကြီးနဲ့ အဲ့ဒီမိန်းမ

"ပါးဖောင်းလေးကမကြိုက်လို့လား ဘယ်ဟာကြိုက်တာလဲ"

"KAWS logo"

"အင်း"

"Designမျိုးစုံ"(KAWSရုပ်က ပုံစံအမျိုးမျိုးရှိလို့ပါနော်)

"အင်း"

"ကြီးတာရော သေးတာရော"

"အင်း"

"အရောင်စုံ"

"အင်း"

"Jone ဘာအင်းလဲ ဒါအလုပ်လုပ်နေတာလေ ကစားနေတာမဟုတ်ဘူး"

"KAWSလဲကောင်းပါတယ်Andelinaရဲ့ အဲ့ဒီlogoဆိုပိုတောင်ကောင်းသေးတယ် အဲ့ဒီlogoက customized ဝယ်ထားတာ"

BAL GYI Donde viven las historias. Descúbrelo ahora