Part 8
" ဝမ်ဝမ်ကော "
Xiao Zhan ဝမ်ဝမ်အိမ်ရောက်တာနဲ့ ဝမ်ဝမ်ကိုအရင်ဦးဆုံးမေးလိုက်သည်။
" သခင်လေးကကုမ္ပဏီသွားတယ် အစ်ကို "
" အော်..ပေါ်ပေါ်ကော "
" ပေါ်ပေါ်ကအိပ်နေတယ်အခုထိမနိုးသေးဘူး "
" သြော်..ဟုတ်လား "
" ဟုတ်ကဲ့ အစ်ကိုအထဲဝင်ထိုင်ပါအုန်း "
Xiao Zhan ဧည့်ခန်းထဲကခုံမှာဝင်ထိုင်လိုက်သည် ကျင်းရီခိုင်းလိုက်တာကြောင့် ကောင်လေးတစ်ယောက်က လက်ဖတ်ရည်လာချပေးသည်။
" ကောင်လေးကဒီမှာအလုပ်လုပ်တာကြာပြီလား "
" ဟုတ်ကဲ့ ကျွန်တော်ငယ်ငယ်ကတည်းက ဒီအိမ်ကိုရောက်လာတာပါ ပြောရရင် သခင်လေးတို့ငယ်ငယ်ကတည်းက သခင်လေးတို့နားမှာနေလာတာပါ "
" အဲ့ဒါဆိုဝမ်ဝမ်တို့နဲ့ ညီအစ်ကိုဆက်ဆံရေးဖြစ်နေလောက်ပြီလဲဟုတ်ကဲ့ အစ်ကိုဘာသိချင်လို့လဲ "
ကောင်လေးကအကင်းပါးသည်သူသိချင်တာကို အစဖော်ပေးနေတာပဲ
" ဝမ်ဝမ်ကပေါ်ပေါ်အပေါ်ချစ်တာလမ်းကြောင်းမှားနေတယ်လို့ အစ်ကိုမြင်လို့ပါ "
" အဲ့အကြောင်းပြောရရင် သခင်ကြီးကနေစရတော့မှာပဲ ပြီးတော့ သခင်လေးဝမ်ရိပေါ်က မဟုတ်မခံဒေါသအရမ်းကြီးတက်တဲ့သူတစ်ယောက်ပါ အလယ်တန်းကနေ အထက်တန်းတက်တဲ့ထိ သခင်ကြီးတို့မှာ ခဏခဏရုံးခန်းခေါ်ခံရတယ် "
" အဲ့လောက်ထိကိုပေါ်ပေါ်ကဆိုးခဲ့တာပေါ့ "
" ဟုတ်ကဲ့ သခင်လေးရဲ့ဝမ်ရိချန်ကအေးဆေးသလောက် သခင်လေးဝမ်ရိပေါ်ကတော့ အမြဲတမ်းကျောင်းသားတွေနဲ့ရန်ဖြစ်တယ် သခင်လေးဝမ်ရိချန်နှလုံးမကောင်းတာကလည်း သခင်လေးဝမ်ရိပေါ်ကြောင့်ပဲ "
"ဘယ်လို! "
" မူလတန်းကတည်းက သခင်လေးဝမ်ရိပေါ်ကို လူကောင်ကြီးကလေးသုံးယောက်ကဝိုင်းထိုးကျတယ် သခင်လေးဝမ်ရိပေါ်ကလည်းပြန်ချပေမဲ့ လူကောင်ကြီးတွေနဲ့သူနဲ့ အားမမျှဘူးဖြစ်နေတယ် တခြားကလေးတွေကတော့ ဝိုင်းကြည့်နေကျတာပေါ့ သခင်လေးဝမ်ရိချန်ကတော့ သူများကိုဘာမှပြန်မလုပ်တက်ပေမဲ့ သူ့ညီခံရတာကို တွေ့သွားပြီရန်ဖြစ်တဲ့ဝိုင်းထဲဝင်လာခဲ့တယ် သူညီကိုချတဲ့လူတွေကို တွန်းလွှတ်ခဲ့တယ် အဲ့ဒီလူကောင်ကြီးတဲ့ကလေးတွေက ဝမ်ရိပေါ်ကိုမချတော့ပဲ သူတို့ကိုလာတားတဲ့ ဝမ်ရိချန်ကို ဝိုင်းချခဲ့တယ် လူကောင်ကြီးတဲ့ကလေးတစ်ယောက်က သခင်လေးဝမ်ရိချန်ရဲ့ရင်ဘက်ကို ဆက်တိုက်ကန်ပြီး နင်းချေခဲ့တယ် အဲ့ဒီကစပြီး သခင်လေးနှလုံးထိခဲ့တာပဲ သခင်လေး ဝမ်ရိပေါ်ကလည်း သူအစ်ကိုခံခဲ့ရတာကိုမြင်ခဲ့ပြီး တုတ်ရှာပြီး လူတွေကိုပြန်ချခဲ့တယ် အဲ့ဒီကတည်းစပြီး ဆိုးသွမ်းလာခဲ့တော့တာပဲ "
