Part 34
ပေါ်ပေါ်ကိုယ်ဝန်ကအခုဆို ရှစ်လထဲရောက်ပြီ ပေါ်ပေါ် အသွားအလာခက်ခဲသဖြင့် အပြင်ထွက်ရင် ဘေးကလူနှစ်ယောက်တွဲပေးရသည်။
" ကလေး ကြည့်ကြည့်လို့ရပြီ "
Xiao Zhan ကလေးမျက်လုံးကိုအဝတ်ပုဝါစီးလာကာ အခန်းထဲရောက်တာနဲ့ ပုဝါကိုဖြည့်ပေးပြီး ကြည့်ခိုင်းလိုက်သည်။
" သဘောကျလား ကိုယ်တို့မင်းသမီးလေးအတွက် "
တခန်းလုံးပြင်ဆင်ထားတာပန်းရောင်တွေလွမ်းမိုးနေသည် ပန်းရောင်ပုခက် ပန်းရောင်အရုပ် ပန်းရောင်အဝတ်အစား ပန်းရောင်ကုတင် ရိပေါ်အရမ်းမုန်းသည်။
" ဘာဖြစ်လို့လဲ သဘောမကျဘူးလား "
ရိပေါ် မျက်မှောင်ကုတ်ကာခေါင်းရမ်းလိုက်သည်။
" သမီးလေးမလိုချင်ဘူးလား "
ရိပေါ်ခေါင်းညိတ်လိုက်သည်။
" အဲ့လိုမလုပ်ရဘူးလေပေါ်ပေါ်ရဲ့ ဘာလေးမွေးမွေးကိုယ်တို့ချစ်ရမှာပဲလေ "
ရိပေါ်ခေါင်းရမ်းလိုက်သည်။
" ဟုတ်ပါပြီ အဲ့တာဆို ကိုယ်တို့နောက်တခန်းသွားရအောင်နော် "
Xiao Zhan သားလေးအတွက်ပြင်ဆင်ထားတဲ့အခန်းကိုပြလိုက်သည် ကျန်းသေပေါက် ရိပေါ်သဘောကျလိမ့်မယ်
ထင်ခဲ့ပေမဲ့ ရိပေါ်မျက်မှောင်ကုတ်စွာကြည့်နေပြန်သည်။
" အပြာရောင်အခန်းလေး မကြိုက်ဘူးလား "
ရိပေါ်ခေါင်းရမ်းကာ အပြင်ကိုထွက်သွားသည်။
" ဖြေးဖြေးသွားရမယ်လေ "
Xiao Zhan လိုက်သွားတော့ ဖန်ရှင်းတွဲခေါ်နေတာတွေ့မှသက်ပြင်းချလိုက်သည်။
" သခင်လေးပျော်ပြီးစကားပြောမယ်မှတ်နေတာ
သခင်လေးဘာလို့စိတ်ကောက်သွားပါ့လိမ့် "
" ငါလည်းမသိပါဘူးကျင်းရီရာ သမီးမလိုချင်ရင်
သားတော့လိုချင်ရမှာပေါ့ အခုတော့ သားအခန်းကောသမီးအခန်းကော သဘောမကျဘူးတဲ့ "
ကျင်းရိခေါင်းကုတ်ပြီးပြောလိုက်သည်။
" ကျွန်တော်လည်းမသိတော့ဘူး "
