" ညီ ဒီနေ့ ကိုယ်နဲ့ အိမ်လိုက်ခဲ့..... "

" ဘာ.. ဘာလို့ လိုက်ရမှာလဲ....ခင်ဗျာ..ဘာလုပ်အုံးမလို့လဲ..."

" ဟင်...... ကိုယ်ဘာမှမလုပ်ပါဘူး ညီ သက်တောင့် သက်သာနေစေချင်လို့ ပြီတော့ အိမ်မှာက ကိုယ်ပဲရှိတာလေ အဲတော့ ညီ အေးအေးဆေးဆေး နေလို့ရတယ်လေ...."

" အေးအေးဆေးဆေးကနောက်မှ အရင်ဆုံး ခင်ဗျာကို မယုံတာ.... "

" ကိုယ်က ညီ ကို ဘာမှမလုပ်ပါဘူး အိမ်မှာ.... "

" ခင်ဗျာ ဘာမှမလုပ်ဘူးလို့ ကတိပေး...."

ဥက္ကာ သူရိန်ပြောတဲ့ စကားကို အဓိပ္ပာယ် ခုထိမသိသေးပါ...
" ကိုယ်က...ဘာ.ကို့.. ဘာမှမလုပ်ဘူး..ကတိပေးရမှာလဲ... ညီ ကို..."

" ခင်ဗျာခုမှ ရူးချင်ယောင်ဆောင်မနေနဲ့...."

နှစ်စက္ကန့်လောက်ကြာမှ သူရိန် ပြောတဲ့ စကား ဥက္ကာရံ တစ်ယောက် သဘောပေါက်လာသည်...
အဲခါကျမှ  ...သူရိန်မျက်နှာ ပြုံးစိစိဖြစ်လာပြီ...

" ဘာလဲ....ညီက ကိုယ်ကို ဘာလုပ်စေချင်လို့လဲ.... အဲလောက်တောင်တွေးပြစ်တာလား...ကိုယ်က အိမ်လိုက်ခဲ့ပြောတာကို....."

" ခင်ဗျာ....."
ခုအချိန်မှာ ဥက္ကာရံ ပြောလိုက်တဲ့ စကားတွေက သူကို စိတ်ပူပြီ သမာရိုးကျ ​ပြောလိုက်တဲ့ စကားတွေပါ ထိုစကားတွေကို သူရိန် တစ်ဖက်အတွေးနဲ့ ပြောလိုက်တာသိသွားတော့ သူဟာသူ ရှက်ပြီ ဘယ်စကားကို ဘယ်လို့ ပြန်ခုခံရမှန်မသိတော့ပါ...

" ဟုတ်ပါပြီကွာ..ညီ တွေးတာလဲမှန်တယ် ...ဒါပေမယ့် ခုလိုချိန်တော့ ညီကို အဲလို မတော်တရားမလုပ်ဘူးလို့ ကတိပေးတယ် ဟုတ်ပြီလား ညီ လုပ်ပါဆိုတောင် ကိုယ်မလုပ်ဘူး...."

" ခင်ဗျာ..."

" ဟုတ်ပြီဟုတ်ပြီ ကိုယ် စတာ....ခဏနေရင် အိမ်ပြန်ကြရအောင် ဟုတ်ပြီလား "

သူရိန် မျက်နှာကြီး ရှစ်ခေါက်ချိူးဖြစ်နေတာ စိတ်ထဲ့မှာပေါ့ ဥက္ကာရံ နဲ့ အတူတူရှိနေတဲ့ အချိန်တွေကို ပိုပြီ သဘောကျလားတယ် စိတ်ထဲ့မှာ ပျော်ရွှင်တယ် ပြိတော့ နွေးထွေးပြီ လုံခြုံတယ်လို့ ခံရစေတယ်.......
ကျွန်တော် ခင်ဗျာကို အရမ်း မချစ်ရဲ့ဘူး....ဘာလို့လဲ မမေးပါနဲ့ ခင်ဗျာ ကို အရမ်းချစ်မိရင် တစ်ချိန်ကျ ​ကျွန်တော် အနားကနေ ခင်ဗျာထွက်သွားခဲ့သည်ရှိသော် ကျွန်တော် ဆွဲထားမိမှာကြောက်တယ် ဆွဲထားတာထပ် ပြန်ရမယ် ခင်ဗျာဆီက အမုန်းတွေကို ပိုကြောက်တယ်လေ..... ခင်ဗျာရယ်......

၃၁ဘံုမွာဦးအခ်စ္တတ္ဆံုး Where stories live. Discover now