၃၂

7.9K 628 41
                                    

ဆရာတော်ဘုရားသီတင်းသုံးတဲ့ကျောင်းဆောင်ဘက်ကို မင်းသွေးပိုင် နဲ့ မိုးမခတို့်နှစ်ယောက် တတ်သွားပြီ ..ကျောင်းမှာ လိုအပ်တဲ့နေရာတွေကို လှူဖို့ ကိစ္စတိုင်းပင်ရင်... ဦးစိုင်းခ သက်ရှိထင်ရှာ ရှိစဉ်က ဆရာတော်ဆီကို ခနခနလာရောက်တယ်ဆိုတာရော ဆရာတော်ဘုရားနဲ့ မကြာမကြာတွေဖြစ်တဲ့ အကြောင်း..
ကျွန်တော်ကသာ အဲချိန်က ဆေးရုံနဲ့ အိမ်ကိုသာ အကုးသန်းလုပ်နေတော့ သိပ်ပြိတော့ ဘုရားကျောင်းကန်လဲ မသွားဖြစ်ပါ.. နေရာသိတာကလဲ ဆေးရုံက ပရဟိတအလှည့်ကျ ဆေးကုသဖို့ ဒီဘုန်းကြီးကျောင်းကို ခနခန လာရောက်ဆေးကုရင်သိသွားတာပါ ဖေဖေမကွယ်လွန်ခင်က ပြောဖူးတယ် ဖေဖေက ကောင်းတာပေါ့သားရယ်တဲ့ ခုလို တတ်နိုင်သလောက် လုပ်အားဒါနနဲ့ ကုသိုလ်ယူတာ အမွန်မြတ်ဆုံးပဲ ခနခန ပြောခဲ့ဖူးတယ်..

" ဒကာလေးတို့ ဘုန်းဘုန်းကျောင်းမှာတော့ လိုအပ်တာတွေကတော့ သူနေရာနဲ့ သူမှာတော့ လိုအပ်နေတာကြီးပါပဲ.. အခုလဲ ဒကားလေးတို့ လှူထားတဲ့ နဝက္မနဲ့ ဝထ္ထုငွေတွေတောင် ကပ္ပိယကြီးဆီကို အပ်ထားတယ်.. ခုလို ဒကာကြီးဦးစိုင်းခ ကို ရည်းစူပြီ ကိုယ်တိုင်ကိုယ်ကျ လာရောက်အလှူတန်းလုပ် အမျှဝေးသာဓုခေါ်ပြိပြိပဲ ဒကာကြီးလဲ ကောင်းရာဘုံဘဝကိုရောက်သွားပါပြီပဲ.."

" ဟုတ်ကဲ့ပါ ဘုန်းဘုန်း.."

မင်းသွေးပိုင် ကလေးစကားသံကြားတော့ လက်အုပ်ချီထားရင် ကလေးဘက်ကို ခေါင်းလေးလှည့်ပြီ..
တိုးတိုးလေးဆိုလာသည်..

" တင်ပါ ဘုရားလို့ ပြောရတဲ့ ကလေး...ဟုတ်ကဲ့လို့ မပြောရဘူး..."

ဆရာတော်လဲ မင်းသွေးပိုင် မိုးမခကို တီတိုးစွာပြောနေသံကြားတော့ ခေါင်းတငြိမ့်ငြိမ့်နဲ့ သဘောကျနေရှာတယ်..

" ရပါတယ် ဒကာလေးရယ် ဒီက ဒကာလေး မိုးမခနော် အသက်ဘယ်လောက်ရှိပြိတုန်.."

" ၂၃ပါ ဘုရား.."

" ငယ်သေးတာပဲ.. ရှေ့လျှောက် ဒကာကြီးမရှိတဲ့နောက်ပိုင်း ဒီက ဒကာလေးပဲ စောင့်ရှောက်ထားရမှာပေါ့.. ဘုန်းဘုန့်းတို့ဆီလဲ အကူညီတတ်နိုင်သလောက်တောင်းလို့ရပါတယ်.."

၃၁ဘုံမှာဦးအချစ်တတ်ဆုံး Where stories live. Discover now