"ခင်ဗျား ဟိုဘက်ကိုတိုးဗျာ။ကျုပ်ပေါင်ပေါ်
တက်ထိုင်တော့မလို့လား"

ကောင်းဆက်လင်းမှ မုန့်လုံးနေရင်းထအော်
လိုက်သည်ကြောင့် မူယာတို့ပင်လန့်ကုန်ကြသည်။
ကျော်မြတ်သာမှာ စိတ်ဆိုးဟန်မရှိသည့်အပြင်
မျက်နှာသည်လည်း ပြုံးလျက်ရှိနေပြန်သေးသည်။

"မကျေနပ်ရင် ကိုယ့်ပေါင်ပေါ်တက်ထိုင်လိုက်
ပေါ့ ညီလေးရယ်၊ဘာခက်တာမို့"

"ခင်ဗျားနော် မျက်နှာကိုကစပ်ဖြဲဖြဲနဲ့"

သူတို့နှစ်ယောက်ကြောင့် ပျင်းရသည်ဟူ၍
လည်းမရှိ။ခေတ်ခေတ်က မနိုင်မနင်းဖြင့်
ရေပုံးကိုမ,လာသည်။

"ဟေ့ နေရှင်းရဲ့ကလေးလေး"

မင်းရတုမှ မုန့်လုံးရေပေါ်ကိုဆယ်ရင်းနှင့်ပင် ခေတ်ခေတ်ကိုလှမ်းခေါ်လာသည်။ရေပုံးကို
မ,လာလျက် ဘာလည်းဟူသောပုံစံဖြင့်မေး
ဆက်ပြသည်။ခေတ်ခေတ်ကတစ်ခါတစ်ရံ
ထိုသို့မျှချေတတ်ပါသေး​၏။

"မနိုင်မနင်းနဲ့ မ,နေလို့..လာသယ်ပေးရမလား
မေးမလို့"

"ရတယ် ခေတ်ခေတ်ဘာသာသယ်မယ်"

ပြောပြီးသည်နှင့်ခြံပြင်သို့ ရေပုံးကိုမကာထွက်
သွားပြန်သည်။မောင်က ခေတ်ခေတ်ကိုမြင်
သည်နှင့် စကားပြောမို့ပင်ရှိသေး ခေတ်ခေတ်
ကတိတ်တိတ် လေးနေဖို့ အမူအရာလုပ်ပြလာသည်။နေရှင်းမှာ သူ့ကလေးလာနေသည်ကိုပင်
မတွေ့ပါချေ။ကျောပေးကာ ရေပိုက်ဆွဲ၍ရေဖြည့် နေသည်။

"ဦးလေး ခေတ်ခေတ်ကိုဝိုင်းမပေး"

မောင့်အနားသို့ကပ်ကာ ခပ်တိုးတိုးကလေး
ပြောရင်း အကူအညီတောင်းလိုက်သည်။
​ခေတ်ခေတ်အကြံကိုသိသည့်အလျောက်
မောင်က ကူညီပေးရှာသည်။ထိုနှစ်ယောက်သည်
ပူးပေါင်းကြံစည်ရာတွင် စည်းလုံးသည်ဟုပင်ပြောရပေမည်။

ထို့နောက် ခေတ်ခေတ်နှင့်မောင်တို့မှာ ရေပုံးကို
မ,ကာ နေရှင်းကိုခေါ်လိုက်သည်။နေရှင်းလှည့်
လာသည့်အခါ မျက်နှာကိုအရှိန်ပြင်းပြင်းအား
ထည့်ကာ ပက်ပစ်လိုက်ချေသည်။

"နေရှင်း ဒီဘက်ကိုကြည့်"

"ဘာလုပ်.....အား! မွှန်..မွှန်လိုက်တာဟ"

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now