"ခင်ဗျားကလေ တော်တော်စိတ်ပျက်ဖို့ကောင်း
တယ်"

"ခေတ်ခေတ် မင်းစကားကိုပြင်ပြောလိုက်စမ်း။
ကိုယ့်ကိုအဲ့လိုမပြောနဲ့၊ကိုယ်ရိုက်မှာနော်"

နေရှင်းဒေါသထွက်ကာ အော်လိုက်မိသည်။
ကလေးငယ်ဆီမှ ထိုကဲ့သို့စကားမျိုးအားမကြား
ဝံ့ပါ။

"လူယုတ်မာကြီး ခေတ်ခေတ်ကိုအော်ပြောစရာ
လိုလို့လား။သူ့ ရည်စားဟောင်းနဲ့ပြန်တွေ့တော့
အချိုးတွေပြောင်းကုန်ပြီပေါ့။ခေတ်ခေတ်ကို ခင်ဗျားလာမနမ်းနဲ့။ခေတ်ခေတ်နှုတ်ခမ်းကို
ငံပြာရည်နဲ့သုတ်ထားပစ်မယ်"

နေရှင်းမှာ ခေတ်ခေတ်စကားကြောင့်ရယ်ပဲ
ရယ်ရမလို၊ဒေါသပဲထွက်ရမလိုပင်။စိတ်ဆိုးနေ
တာတောင်သူ့ကိုယ်သူ ခေတ်ခေတ်လို့ပြောတတ် တာလေးက ချစ်စရာပါလေ။ဟိုရည်းစားဟောင်း
ငနာကောင်အား ထပ်တွေ့တာနှင့်ခေါင်းကွဲအောင်
ရိုက်ပစ်ဖို့နေရှင်းကြိမ်းဝါးထားမိသည်။

"သေနာကောင်"

နေရှင်း ပါးစပ်မှ လှစ်ခနဲပြောမိသွားပြန်သည်။
ခေတ်ခေတ်က သူ့အားပြောသည်ဆိုကာ
လက်သို့ကုန်းကိုက်လာတော့သည်မှာ အားကုန်
ပင်။

"ခင်ဗျား..ခင်ဗျား ခေတ်ခေတ်ကိုသေနာကောင်
လို့ပြောတယ်။လူယုတ်မာကြီး နေရှင်းဟန်။
ခင်ဗျားအသေပဲ မထိုးရက်လို့ဘာမှမလုပ်တာနဲ့
ရောင့်တက်လာတယ်ပေါ့ ဟုတ်လား"

"အား! ခေတ်..ခေတ်ခေတ်ကိုပြောတာမဟုတ်
ပါဘူး။သော်ယံမောင်ရေ ငါ့ကိုလာကယ်ပါဦးဟ"

သော်ယံမောင်တို့ လှေကားပေါ်မှဆင်းလာချိန်
နေရှင်းအော်သံကြောင့် စိတ်ပူကာထမင်းစားခန်း
ထဲသို့ အမြန်ပြေးရသည်။ကိုကိုကတော့ ပြေးလို့အဆင်မပြေသောကြောင့် ပုံမှန်အတိုင်းသာ
လမ်းလျှောက်ဝင်လာရသည်။

"ဘိုးတော် ဘာလို့ကုန်းကိုက်နေတာလဲ"

မောင်ဝင်ဆွဲနေတာတောင်မရပါ။နေရှင်းလက်
ကို အားနှင့်ကိုက်ထားလျက် ကြိတ်ခဲထားသည်။
ကိုကိုဝင်တားကာမှပင် ခေတ်ခေတ်ကစိတ်လျှော့
၍ ကိုက်နေရာမှရပ်ရှာသည်။

"ခေတ်သွန်း စိတ်ထိန်းလေ။ဘာဖြစ်တာလဲ
အစ်ကိုတို့ကိုပြော"

"အစ်ကိုနေရှင်းက ခေတ်ခေတ်ကိုသေနာကောင်
လို့ပြောတယ်။ခေတ်ခေတ်ကို မာမားတို့ရိပ်သာ
ဝင်နေတဲ့ ဘုန်းကြီးကျောင်းကိုလိုက်ပို့ပေး။
မေမေသီနဲ့ဖေဖေကျော်ကို သူ့အကြောင်းတွေ
သွားတိုင်ပြောပစ်မယ်။မာမားကိုလည်း ကြိမ်လုံး
ပေးပြီးရိုက်ခိုင်းမယ်။အဲ့ဒီက ဘုန်းဘုန်းကြီး
ကိုလည်း တရားဟောပြီးဆုံးမခိုင်းမယ်။ဦးလေးသော်ယံမောင်ရဲ့သူငယ်ချင်းက စိတ်ပျက်စရာကြီး"

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now