​"တော်တော်နေရခက်နေလားဟင်။ရေချိုးလိုက်
ပါလား။မောင် ရေပူရေအေးလေးစပ်ပေးထား
တယ်။ပြီးတော့ ကိုကို့ဟိုအိမ်မှာသင်္ကြန်ရက်
အတွင်းသွားနေဖို့ မောင်အဝတ်စားတွေလည်း
ထည့်ထားပြီးပြီ"

"မောင်ကလည်း ကိုကို့ဟိုအိမ်ဆိုပြီးမပြောပါနဲ့။
မင်းပြန်ဝယ်ပေးထားတာ မင်းအိမ်ပဲပေါ့"

"ကိုယ့်ယောကျာ်းကဝယ်ပေးတာပဲ ကိုကို့အိမ်
ပေါ့။မဖြူလည်း သူ့အိမ်ပြန်သွားပြီ။မနက်စာကို
နေရှင်းတို့သွားဝယ်နေတယ်။ဟိုအိမ်ကိုတော့
အေးဆေးမှသွားကြမယ်နော်။ကျော်မြတ်တို့
လည်းညနေမှလာလိမ့်မယ်"

"အင်း ငါ့ကိုကူတွဲပေး။ကုတင်ပေါ်ကဆင်းလို့
မရဘူးဖြစ်နေလို့"

ကူတွဲပေးတော့ ကုတင်ပေါ်မှဆင်း၍ ရေချိုးခန်း
ထဲသို့ ကွတတနှင့်လျှောက်သွားရှာသည်။
မကျေမချမ်းလည်းဖြစ်ကာ မောင့်ကိုလည်း
ဆူပူပြောသွားသေးသည်။

"မင်း အလှည့်ကျရင်အသေပဲ။သော်ယံမောင်
အစုတ်ပလုတ်ကြီး။သူ့တိုက်ဖို့ဆေးတွေလည်း
ငါပဲပြန်သောက်ရတော့မယ်"

******
​ကားပေါ်၌ ခေတ်ခေတ်ကအသံတိတ်လာ
သည်။ဒါက ထူးဆန်းသောကိစ္စရပ်ပါလေ။
နေရှင်းက ခေတ်ခေတ်ကိုချော့မော့လာပေမဲ့
လည်း မရပါ။အိမ်ရောက်လာတဲ့အထိ နေရှင်း
ကိုမကြည့်၊စကားလည်းမပြောဘဲ မုန့်ထုပ်တွေ
ကိုယူရင်း အိမ်ထဲသို့ဝင်သွားသည်။

"ခေတ်ခေတ် ကိုယ်တောင်းပန်တယ်ကွာ။
စကားလေးပြောပါဦး"

စားပွဲပေါ်သို့မုန့်ထုပ်တို့တင်ပြီး ခေတ်ခေတ်က
လှည့်ကြည့်လာသည်။မျက်နှာက ခပ်တည်တည်
နှင့်မို့ နေရှင်းမှာကြက်သီးမွေးညင်းတို့ပင်ထလာ
ချေသည်။ခေတ်ခေတ်စိတ်ဆိုးလျှင် နေရှင်း
ကြောက်ပါသည်။

"ခင်ဗျား တော်တော်မှပျော်ခဲ့ရဲ့လား"

"မဟုတ်ဘူး။သူပြောသလို သူနဲ့ဟိုတယ်မှာ
အိပ်ခဲ့ကြတာမဟုတ်ပါဘူးဆို"

ထိုဇာတ်လမ်းသည်ကား နေရှင်းရည်းစား
ဟောင်း​၏စကားကြောင့်သာဖြစ်သည်။
ခေတ်ခေတ်နှင့်တွေ့ပြီးသည့်အချိန်ထဲက
နေရှင်းရည်းစားမရှုပ်တော့သည်မှာ ကြာခဲ့ပြီ
လည်းဖြစ်သည်။ယခု ထိုရည်းစားဟောင်းနှင့်
မနက်စာသွားဝယ်သည့် ဆိုင်၌တွေ့ခဲ့ကြပြီး
ပြဿနာစဖြစ်လာသည်က တောက်လျှောက်ပင်။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now