"ငါ့တပည့်ကပိုချောလာတယ်ကို"
ဆရာမကပြုံးပြုံးရွှင်ရွှင်နှင့်ဖြစ်သည်။

"သား ဆရာမကတော့အခုထိအပျိုကြီးပဲလား"

"အေးကွယ် ဆရာမလည်းသက်သက်အပူမရှာချင်တော့ပါဘူးမဟော်ရယ် ဒီတိုင်းပဲနေတော့မယ်လို့ဆုံးဖြတ်ထားတယ်"

ဆရာမစကားကြောင့်မဟော်ပြုံးမိပါ၏။
ဆရာမကအပျိုကြီးလုပ်ချင်သူမဟုတ်မှန်းမဟော်တို့အသိဆုံး။ကျောင်းတုန်းကဆရာ
ဦးမင်းအောင်နိုင်နှင့်ရည်းစားဖြစ်မလိုလိုဖြစ်သွားသေးသည်။ဦးမင်းအောင်နိုင်ကခန့်ခန့်သန့်သန့်ဆိုတော့ဆရာမအကြိုက်။လွဲသွားရခြင်းအကြောင်းတရားများကား ဆရာမချိန်သော်လည်း ဦးမင်းအောင်နိုင်မှာဆရာမ၏ဇီဇာကြောင်လွန်းမှုဒေါသကြီးမှု
တို့ကြောင့် အိမ်ကပေးစားသည့်မိန်းမကိုယူသွားခြင်းဖြစ်သည်။အခုရော ဘယ်ဆရာကိုသဘောကျနေသည်မသိ ။

"ဒါနဲ့အခုရော ဒီကျောင်းကိုဘာလာလုပ်တာတုန်း ညီလေးတွေညီမလေးတွေလာကြိုရအောင်လည်းဆရာမတော့မင်းအဖေနောက်မိန်းမယူသွားတယ်လို့မကြားမိပါဘူး"

မဟော့်မှာဆရာမစကားကြောင့်ရယ်ချင်ပက်ကျိဖြစ်မိသည်။မဟာရောင်နီသည် ဒီတစ်သက်နောက်မိန်းမထပ်ယူမည့်လူမျိုးမဟုတ်တာ မဟော်အသိဆုံးဖြစ်သည်။
သူ့ငယ်ချစ်ဦး 'ချစ်သော'ဆိုသည့်လူနှင့်ပြန်တွေ့ရင်တော့တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်ပါ၏။သို့သော် ဖေဖေတောင်မိန်းမရပြီး၍
သူ၁၈နှစ်တောင်ရှိနေပြီပဲ ဖေဖေ့ငယ်ချစ်ဦးသည်လည်းအခုဆိုသူ့မိသားစုနှင့်သူဖြစ်နေလောက်ပြီဟုတွက်ဆမိပါ၏။

"မဟုတ်ပါဘူးဗျာဆရာမကလည်း သားက
သားအသိဆရာတစ်ယောက်ကိုလာကြိုတာပါ"

"မဟော့်အသိဆရာ ဟုတ်လား ဘယ်သူများလဲပြောပါဦး"

"ဆရာဦးဂုဏ်ထည်လင်းပါ"

"ဟေ"
လွန်ခဲ့သော 19နှစ်ခန့်သို့ဒေါ်သီတာအောင်မျိုး၏စိတ်အာရုံသည်လွင့်ပြယ်သွား၏။
အချိန်ကအကောင်းဆုံးသောသမားတော်တဲ့။
ယခုအချိန်ဆိုလျှင်တော့သူမေ့ပျောက်နိုင်မည်ဟု ဒေါ်သီတာအောင်မျိုးထင်ထားခဲ့ဖူး၏။သို့သော် မနှစ်တစ်နှစ်ကပြန်တွေ့ချိန်တွင်တော့ အဲ့လိုမျိုးမဟုတ်မှန်းဒေါ်သီတာအောင်မျိုးသိခဲ့ပါ၏။တကယ်တော့အချိန်တွေသည် တရွေ့ရွေ့တိုက်စားနေသောဒီရေတွေလို။တစ်ရက်ပြီးတစ်ရက်တစ်နှစ်ပြီးတစ်နှစ်လူ့နှလုံးသားကိုတဖြည်းဖြည်းတိုက်စားခဲ့ပါ၏။ပိုလို့ဆိုးအောင်ပေါ့။အချစ်၏သင်္ခါရသည်အလွမ်းဖြစ်၏။အလွမ်းကိုထပ်မံတိုက်စားသောအခါအချစ်ဖြစ်၏။မူလအတိုင်းပြန်လည်တည်ရှိတတ်သော နိယာမတစ်ခုသည်မြဲခဲ့ပါသည်။လူတစ်ယောက်ကိုချစ်ခဲ့မိခြင်းကြောင့် အလွမ်းဟူသောဝေဒနာတစ်ရပ်ကိုခံစားရကြောင်း သူတို့သင်ပြခဲ့ပါ၏။တစ်ဖန်အလွမ်းများသည်က အချစ်မှစတင်ခဲ့ခြင်းကြောင့်လွမ်းခြင်းသည်လည်း ချစ်ခြင်းဖြစ်ပါ၏။

ချစ်သော...ဦး(Uni+Zawgyi)[Completed]Where stories live. Discover now